အပိုင်း ၃၀/အပိုင္း ၃၀

51.3K 3.7K 134
                                    

Unicode

"ဖေဖေ ဖေဖေ ကိုကို တားကို လိုက်စနေတယ်"

ဘောင်းဘီ အတိုလေးတစ်ထည်ထဲဝတ်ထားပြီး
လုံးတစ်နေတဲ့ ကိုယ်လုံးလေးနဲ့ လှုပ်တုတ် လှုပ်တုတ် ပြေးလာပြီး သူ့ခြေထောက်ကို လာဖက်ထားသော
ဥက္ကာကျော်လေးကို နှောင်ကြိုး ငုံ့ကြည့်လိုက်သည်။
မိုးဦးလေးခေါ်သလို ဖေဖေလို့ ခေါ်တတ်ပေမဲ့ သူ့သား
မိုးဦးလေးကတော့ နိုင်ဦးစေတန်ကို ဥက္ကာကျော်လေး
ခေါ်သလို  daddyလို့ မခေါ်။ကယ်ကယ်လို့ပဲ အမြဲ
ခေါ်သည်။

"မိုးဦးဝသုန် မင်းစပြန်ပြီလား ဘာလို့အဲ့လောက်
အကြောတင်းမှန်းမသိဘူး ဘယ်မှာပုန်းနေလဲ အခုထွက်လာ"

TV channelက လာတဲ့ အစီအစဉ်ကို ကိုဘုန်းနဲ့
အတူကြည့်နေရင်း လာတိုင်တဲ့ ဥက္ကာကျော်လေးကို
ပွေ့ချီပြီး အကြောတင်းလေးကို ခေါ်ထုတ်ရသည်။
လပိုင်းလောက်ပဲ ကွာတဲ့ ကလေးနှစ်ယောက်ကို
ထိန်းကြောင်းလာတာ သုံးနှစ်တောင်ကျော်လာပြီ။
ကိုဘုန်းနဲ့ ဆောင်းဦးစေတန်ကတော့ သွားချည်လာလှည့်ပဲ အိမ်မှာ။ကိုဘုန်းက နိုင်ဦးစေတန် အားကိုးရတဲ့ လက်ရုံးတစ်ယောက်ဖြစ်လာသလို ဆောင်းဦးစေတန်
ကလည်း ဟိုမှာကော သည်မှာပါ စီးပွားရေးလုပ်ငန်း
တွေကို သူ့ဦးလေးနဲ့အတူ တိုးချဲ့လုပ်ကိုင်နေသည်။

သုံးနှစ်အတွင်း မပြောင်းလဲတာဆိုလို့ နှောင်ကြိုးတစ်ယောက်သာကှိသည်။လူကောင်သေးသေးလေးမို့ အားမရလို့ဆိုပြီး ဆောင်းဦးစေတန် အားဆေးနဲ့ တခြားဆေးပေါင်းများစွာကို  တိုက်ပေမဲ့ ဒီသေးသေးလေးက ကြီးမလာပေ။

ကလေးနှစ်ယောက်နှင့် အော်လိုက်ဟစ်လိုက်နဲ့
ကလေးက ကလေးပြန်ထိန်းနေသလိုပင်။ဒီကလေး
နှစ်ယောက်ဒဏ်ကိုလည်း နှောင်ကြိုးကလွဲပြီး
ဘယ်သူမှမခံနိုင် တကယ့်မျောက်မူးလဲ နှစ်ကောင်။
ဘာလုပ်လုပ် နှောင်ကြိုးမပါရင် မပြီးပေ။ ဖေဖေ ဖေဖေနဲ့ ‌သုံးနှစ်တာကာလအတွင်း နှောင်ကြိုးပြောင်းလဲသွားသည်က အသံ။
ဘယ်နေရာကနေ စကားပြောပြော တစ်အိမ်လုံး
ကြားနေရခြင်းပင်။

"နှောင်ကြိုး  မင်းအသံ တစ်နေ့တစ်ခြားအောင်လာတယ်"လို့ပြောတိုင်း
သူပြန်ပြောနေကျစကားက တစ်ခွန်းထဲ
ကလေးနှစ်ကောင်ကို ‌ထိန်းနေရတာကိုး ဒါကြောင့်
သူအသံက  ဖြူဖြူကျော်သိန်း သီချင်းဆိုသံလိုမျိုး
ဖြစ်သွားတာတဲ့။

သံယောဇဉ်နှောင်ကြိုးDonde viven las historias. Descúbrelo ahora