အပိုင်း ၂၅/အပိုင္း၂၅

51.4K 3.7K 137
                                    

Unicode

သစ်ပင်အကြီးကြီးတွေ စုပြုံပေါက်ရောက်နေတဲ့ တောအုပ်သေးသေးလေးအတွင် ဝင်ရောက်လာသည်က လူငါးဦး။ရွှန်းလဲ့တို့သားအဖနဲ့
ကြီးမေတို့လင်မယားအပြင် ကပ္ပိယကြီးတို့အပါအဝင်ပင်။

"ဆရာတော်ဘုရားက ကျွန်တော်တို့ ရောက်ချိန်ဆို
ဆွမ်းဘုဥ်းပြီးလို့ ခေတ္တခဏ အနားယူချိန်ပဲ"

"ကျေးဇူးတင်ပါတယ် ကပ္ပိယကြီးရယ် "

"ရပါတယ် ကျွန်တော်လည်း ကူညီခွင့်ရတာကိုပဲ
ဝမ်းသာလှပါပြီ"

ကြည်လင်နေတဲ့စမ်းချောင်းလေးဘေး ‌ခုန်ပေါက် မြူးတူးနေတဲ့ ယုန်ပေါက်လေးတွေက ချစ်စရာ။
ရွှေငါးကလေးတွေ ကူးခတ်သွားလာနေတာကို မြင်နေရသည်။ပိကျိ ပိကျိနဲ့ အော်မြည်နေသည့် ကျေးငှက်တို့ရဲ့ အသံက သာယာနာပျော်ဖွယ်ပင်။

စိတ်ထဲ အလိုလို အေးချမ်းသွားရသည်။တဲအိုလို့ ဆိုရမည့် အိမ်အိုသေးသေးလေးက အထီးကျန်ဆန်လွန်းသည်လို့ မထင်ရပေ။

သစ်ရွက်ခြောက်တို့နင်းခြေလာသည့် ခြေသံကြောင့်
အနောက်ကို အားလုံးလှည့်ကြည့်ပြီး လက်အုပ်ချီလိုက်ကြသည်။

"အင်းးးး ရေစက်ကြောင့် ဆုံလာရ တွေ့လာရသလို
ရေစက်ကုန်တော့လည်း ခွဲခွာကြရပေအုံးမှာပါလား"

သက်တော် ဝါတော်ကြီးရင့်ပြီး အိုမင်းနေပေမဲ့
ကြည်ညိုဖွယ်ရာ ဆရာတော်ကြီး တစ်ပါးပင်။

"အရှင်ဘုရား မြို့က ဧည့်သည်တွေပါဘုရား"

ကပ္ပိယကြီးစကားကြောင့်
ခေါင်းတဆတ်ဆတ်ညိတ်ပြီး အကြည့်တွေက ရွှန်းလဲ့ထံ ဦးတည်လာသည်မို့ မနေတတ်စွာ ခေါင်းငုံ့
ထားမိသည်။

"အလာကောင်းပေမဲ့ အခါနှောင်းခဲ့ပြီပဲ သံယောဇဉ်တွေပြတ်နိုင်ပြီလား ဒကာမကြီး"

ခေါင်းကိုပိုတိုးလို့ငုံ့မိသည်။မပြတ်နိုင်ပါ သားကော
ခင်ပွန်းဖြစ်သူကိုပါ ။အချစ်တွေကော သံယောဇဉ်တွေပါ စုပြုံပြီး ပုံအပ်ထားသူနှစ်ဦးပေါ်
လွယ်လွယ်နဲ့ ပြတ်နိုင်မတဲ့လား။

"အရှင်ဘုရား တပည့်တော်က ဒီကလေးရဲ့ ဖခင်ပါ
သမီးလေးနဲ့ပတ်သတ်ပြီး အရှင်ဘုရားကို လျှောက်တင်စရာလေး ရှိလို့ပါ"

သံယောဇဉ်နှောင်ကြိုးHikayelerin yaşadığı yer. Şimdi keşfedin