အပိုင္း ၂/အပိုင်း ၂

63.8K 4.7K 154
                                    

Unicode

မနက်တိုင်းမီးဖိုထဲ၀င်ပြီး သူဌေးအတွက် ကော်ဖီပူပူလေး တစ်ခွက်ဖျော်ပြီး ပုံမှန် အခန်းထဲကိုပို့ပေးရသည်။မနက်တိုင်းကော်ဖီတစ်ခွက်သောက်ပြီး သူ့ချစ်သူလာမှ မနက်စာအတူစားသည်မှာ
အလေ့အကျင့်တစ်ခုလို ဖြစ်နေသည်။

သူဌေးအခန်းထဲ ၀င်ပို့ပေးပြီး ပြန်အထွက်....

"နေအုံး မင်းနာမည်က ဘယ်သူ"

"နှောင်ကြိုးပါ"

"မင်းကယောကျာ်းလား မိန်းမလား စိတ်မရှိနဲ့ မင်းက ကိုယ်၀န်ရှိနေပြီလို့ ပြောလို့"

ယောကျာ်းတစ်ယောက်မှန်း နိုင်ဦးစေတန် သိပါသည်။
ကိုယ်ဝန်ရှိနေပြီဆိုတဲ့ စကားကြောင့် ဒီကောင်ငယ်လေးကို ချိုးနှိမ်ပြီး မေးလိုက်သော
စကားဆိုတာ ဘယ်သူကြားကြား အတပ်သိနိုင်သည်။
ယောကျာ်း တစ်ယောက်က ကိုယ်ဝန်ဆောင်တယ်ဆိုတာ သူ့အတွက်တော့
ရယ်စရာကောင်းတဲ့ ပြက်လုံးတစ်ခုလိုပဲ။

"ကျွန်တော့်မှာ မွေးရာပါ သားအိမ်ပါတယ် အဲ့တာကြောင့် ကလေးရတာတဲ့ သူဌေးမယုံလည်း
ကိစ္စမရှိပါဘူး ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်ပါတယ်"

"ဖျက်...."

"မောင်ရေ"

မောင်ဟူသော ခေါ်သံနဲ့ အခန်းထဲ ၀င်လာသည်က
နိုင်ဦး‌စေတန်ရဲ့ အသည်းအသက် ရွှန်းလဲ့ပင်။အချစ်ဦး
မိန်းကလေးအပေါ် ဘ၀တစ်ခုလုံး ပုံအပ်ပြီး ချစ်မြတ်နိုးရသည်။စက်ရုပ်တစ်ရုပ်လို သံပတ်ပေးပြီး
ရုန်းကန်နေတဲ့ ဘ၀ထဲ ပျော်ရွှင်မှုကို ယူဆောင်လာ
ပေးတဲ့ နတ်သမီးတစ်ပါးမို့ သူ့အတွက် အနှိုင်းမဲ့သည်။

"မောင် ကော်ဖီ မသောက်ရသေးဘူးလား ဒီနေ့
အိပ်ယာထတာနောက်ကျတယ်နော်"

မောင့်မဟာနဖူးပေါ် ခပ်ဖွဖွလေးနမ်းပြီး အမေးစကားဆိုရသည်။အခုချိန်ထိ အခန်းထဲ မတ်တပ်
ရပ်နေတဲ့ ကောင်လေးကို သွားတော့လို့ပြောပြီး
မောင့်လည်ပင်းကို လက်နှစ်ဖက်နဲ့ခိုစီးပြီး အနမ်းတွေမှာ စီးမျောမိသည်။

ဒီမြင်ကွင်းမျိုးက နှောင်ကြိုးအတွက်ရိုးနေပြီ။တစ်ခါတစ်လေ သူဌေးနဲ့ အတူလာအိပ်တတ်သည်။အချိန်တန်ရင် ယူမဲ့သူတွေမို့ မယူခင်ထဲက အတူနေသည်မှာ မဆန်းကြယ်။ဆန်းကြယ်သည်က မိမိကိုယ်၀န်ပင်။
အမေ့ကို ဘယ်လိုပြန်ပြောရမှန်းတောင် မသိဘူး။
ပိုက်ဆံတော့ ကြိုးစားရှာရတော့မယ်။

သံယောဇဉ်နှောင်ကြိုးDonde viven las historias. Descúbrelo ahora