အပိုင်း ၂၁/အပိုင္း ၂၁

52K 3.8K 183
                                    

Unicode

ပြန်ဖို့အချိန်လင့်နေသောကြောင့်သာ နှောင်ကြိုးတို့သားအဖဆီကပြန်ခဲ့ရပေမဲ့ မပြန်‌ချင်သေးပါ။သား‌ကြီးကို ပွေ့ပိုက်ပြီး လက်ကပြန်ချဖို့အတွက် ဘာကိုနှမြောတွန့်တိုနေမှန်း
မသိ။

ကိုယ်တောင် အကြိမ်ကြိမ်အခါခါပစ်ထားခဲ့ပြီးမှ
သားမျက်နှာလေးမြင်ရုံနဲ့ အချစ်ပိုနေခဲ့ရတာ ယောကျာ်းတန်မဲ့ ကိုးလလွယ်ပြီး ဆယ်လဖွားတာတောင် ခက်ခက်ခဲခဲ ခွဲစိတ်ခဲ့ရတဲ့
သူ့အဖေ ဘယ်လောက်တောင် ချစ်နေလိမ့်မလဲ။

တောင်းပန်ပါတယ်သား daddyလောဘတက်မိမှာစိုးတယ်။သားကောင်းမွန်စွာ
ကြီးပြင်းလာဖို့ နောက်ကွယ်ကနေ တတ်နိုင်သမျှ
ပံ့ပိုးပေးပါ့မယ်။

ရွှန်းလဲ့အိမ်ကို ဘယ်လိုကနေဘယ်လိုရောက်သွားမှန်းတောင်
မသိတဲ့ အထိ စိတ်တွေလွတ်ထွက်နေသည်။တံခါးရှေ့
ရောက်မှ လက်ရှိကိုအတွေးတွေကနေ ပြန်လည်ရောက်ရှိလာသည်။

"မောင် ညစာ ဒီမှာစားသွား ဘုန်းဉာဏ်လည်း
အိမ်ပြန်ရောက်လို့ ရေချိုးနေပြီ"

ရွှန်းလဲ့ကိုခေါ်ပြီး အိမ်တန်းပြန်ချင်ပေမဲ့ တစ်လတောင်တစ်ခါ မရောက်ဖြစ်တဲ့ ယောက္ခမအိမ်
မို့ ထမင်းစားခေါ်တော့လည်း ငြင်းဆန်ဖို့မသင့်။
ယောက်ဖပါ အိမ်ပြန်ရောက်နေပြီဆိုတော့လည်း
ထမင်းလက်စုံစားဖို့ လက်ခံလိုက်သည်။

"သမီးကြီး အခုတလော ပိန်သွားသလိုပဲ ကျန်းမာရေးကိုလည်းဂရုစိုက်အုံး"

"ကျန်းမာရေးက ဆိုးဆိုးရွားရွားတော့ မဟုတ်ပါဘူးဖေဖေ ဒါပေမဲ့ တိတိကျကျ ဘာရောဂါမှ
လည်း မဟုတ်ပြန်ဘူး"

"မြန်မာဆေးဆရာနဲ့ပြောင်းပြကြည့်ပါလားသမီး"

"ရပါတယ် အန်ကယ် ဆရာများသားသေဆိုသလိုဖြစ်သွားပါအုံးမယ်
ကျွန်တော် အထူးကုဆရာဝန်ကြီးတွေနဲ့ သေချာပြ
ပေးပါတယ်"

မြန်မာဆေးနဲ့ပြပေးဖို့ပြောတဲ့ ဖခင်တစ်ဦးရဲ့
မေတ္တာကို နားလည်ပေမဲ့ နာမည်ကျော်အထူးကု
ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကုသပေး
နေတဲ့အတွက် မြန်မာဆေးဆရာနဲ့ မကုချင်ပါ။
ကိုယ်တိုင်လည်း မြန်မာဆေးဆရာ တော်တော်များများ
ကို ရမ်းကုလို့မြင်တဲ့အတွက် စိတ်အပြည့်အဝ မယုံကြည်။

သံယောဇဉ်နှောင်ကြိုးOnde histórias criam vida. Descubra agora