အပိုင္း ၁၁/အပိုင်း ၁၁

47.7K 3.9K 197
                                    

Unicode

Video callမှတစ်ဆင့်မြင်နေရတဲ့ ရွှန်းလဲ့ မျက်နှာနုနုကို ထိုင်ကြည့်နေမိသည်။

"မောင် စိတ်ဆိုးနေတာလား ဘာလို့ ရွှန်းလဲ့မျက်နှာကို
တစေ့စေ့ကြည့်နေတာလဲ"

မိတ်ကပ်ဖျက်နေသည့် ရွှန်းလဲ့ကရွှင်ပျပျနဲ့ လှမ်းစသည်။

"မောင် နောက်သုံးလေးလလောက်ဆို အလုပ်တွေ ပြတ်လောက်ပြီ အဲ့အခါကျရင် ရွှန်းလဲ့ဆီ လာခဲ့မယ်
အရမ်းလွမ်းနေပြီ"

"ရွှန်းလဲ့လည်း အတူတူပါပဲမောင်ရာ ဒါပေမဲ့ အလုပ်တွေတော့ တွန်းမလုပ်ပါနဲ့ မောင်ပင်ပန်းနေပါ့မယ်"

"ပင်ပန်းလည်း ရပါတယ် ရွှန်းလဲ့ မျက်နှာလေးမြင်ရဖို့ကပိုအရေးကြီးပါတယ်
အဲ့အခါဆို ပင်ပန်းတာတွေအားလုံးပျောက်သွားမှာ"

"မောင်ကလေ သိပ်ပိုတာပဲ"

"မပိုပါဘူး လိုတောင်လိုနေသေးတယ်"

"ဟုတ်ပါပြီရှင် အခု ရွှန်းလဲ့ရေချိူးတော့မယ် မောင်လည်းနားတော့ တာ့တာ အာာဘွားးး"

"အာဘွားး"

ဖုန်းချသွားပြီးတဲ့အထိ ဒီအတိုင်းငြိမ်ငြိမ်လေးထိုင်နေမိသည်။အားနာစရာ
အဖြစ်အပျက်တွေကို ပြန်တွေးကာစိတ်မကောင်းဖြစ်ရသည်။
ရွှန်းလဲ့ကို ချစ်သလို ဒီကောင်လေးရဲ့ အထိအတွေ့ကို
လည်း မက်မောနေမိသည်။ရုန်းလေနစ်လေဆို
တဲ့ နွံအိုင်ထဲကို ခုန်ချမိပြီး ထင်တယ်။

"ဦးငယ် အိပ်ပြီလား"

"၀င်လာလေ "

အခန်းထဲ၀င်လာပြီး ဘေးမှာထိုင်ကာ ဖုန်းထိုးပေးသူကြောင့် နားမလည်ဖြစ်သွားရသည်။

"ဖေဖေက ဦးငယ်နဲ့ စကားပြောချင်လို့တဲ့"

ဟင့်အင်း မပြောချင်ဘူး။ငါတို့အားလုံးကို စွန့်ပစ်သွားတဲ့သူကို စကားမပြောချင်ဘူး။

"ညီညီ"

ခပ်တိုးတိုးခေါ်သံတစ်ခုကြောင့် နှလုံးသားတစ်စုံက
နင့်ခနဲ နာကျင်သွားရသည်။သူဘယ်လောက်မျှော်လင့်
နေရခဲ့တဲ့ နာမ်စားတစ်ခုလည်းဆိုတာ သူအသိဆုံး။ညနေစောင်းတိုင်း ဒန်းလေးမှာထိုင်ပြီး
ကိုကိုကြီး ပြန်အလာကိုစောင့်နေတာပါဆိုတဲ့ ကလေးတစ်ယောက်ဆီကို ဘယ်တော့မှ ပြန်မလာခဲ့တဲ့သူ။ညီညီကို ကိုကိုကြီးက အချစ်ဆုံးပါဆိုပြီ ခပ်ဖွဖွနမ်းမွှေးတတ်သူရဲ့ ခေါ်နေကျ
နာမ်စား။

သံယောဇဉ်နှောင်ကြိုးOù les histoires vivent. Découvrez maintenant