အပိုင္း၉/အပိုင်း ၉

49.9K 4.1K 233
                                    

Unicode

ရေချိုးခန်းထဲ၀င်ပြီး ကိစ္စရှင်းနေတာ နာရီ၀က်ကျော်နေပြီအခုထိမပြီးပြတ်နိုင်။အာရုံထဲပေါ်လာသည်က ဖြူဖွေးအိစက်နေတဲ့ ကျောပြင်သေးသေးလေးနဲ့ ခါးသိမ်သိမ်လေး။
ဟင့်အင်း အတွေးထဲ၀င်မလာနိုင်အောင် ခေါင်းကို
ခါထုတ်ပြီး ငြင်းဆန်လိုက်သည်။

ယခုအကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပြီ။ပထမအကြိမ်တုန်းက
ရွှန်းလဲ့ နိုင်ငံခြားမသွားခင် နောက်ဆုံးညက။
အိပ်နေတာကတစ်ယောက် စိတ်ထဲပေါ်လာသည်က
တစ်ယောက်။လက်မခံခြင်းရဲ့နောက်ဆက်တွဲက မပြီးပြတ်နိုင်ခြင်းပင်။ရွှန်းလဲ့ကို တိတ်တဆိတ် အားနာမိသည် ကိုယ်နဲ့တစ်ကုတင်ထဲ အိပ်နေသည့်
ယောကျာ်းတစ်ယောက်ရဲ့ စိတ်က တစ်ခြားယောကျာ်း
တစ်ယောက်ပေါ် သွန်ချနေသည်ကိုသာ သိရင်
ဘယ်လောက် ခံပြင်းနေလိမ့်မလဲ။

နောက်ဆုံး မပြီးပြတ်နိုင်သည့်ကိစ္စတို့ကို အားနာနာနဲ့ပင် တစ်စုံတစ်ယောက်ပေါ် အတွေးတို့ကို
ဖြန့်ကျက်လိုက်သည့်အခါ လွတ်မြောက်ခွင့်ရသွားသည်။

အခန်းပြင်ထွက်ပြီး ဝိုင်ပြင်းပြင်းတစ်ခွက်ကို ဇိမ်ဆွဲ
သောက်မိသည်။one night standတွေ ခေါ်လို့ရပေမဲ့ ကိုယ်တိုင်က ဒီလိုမသာယာတတ်။
နိုင်ဦးစေတန်ရဲ့ ခြောက်ပေကျော်အရပ်၊ နီညိုရောင်အသားအရည်၊တောင့်တင်းတဲ့ ခန္ဓာကိုယ်
တည်ကြည်ခန့်ငြားတဲ့ ဥပတိရုပ်သွင်တို့က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။

ဘယ်အမျိုးသမီးမဆို အလွယ်တကူ သူ့အိပ်ယာပေါ်တက်လာနိုင်ပေမဲ့ အသန့်အပြန့်ကြိုက်သူမို့ ဘယ်သူ့ကိုမှ မသတီ။

ဒေါက် ဒေါက် ဒေါက်

"၀င်လာခဲ့"

စပို့ရှပ်အကျီပန်းရောင်အပွလေးနဲ့ ဘောင်းဘီတိုအပွက ကြိမ်ဖန်များစွာ လျှော်ဖွတ်ခံထား
ရသည်မို့အရောင်မွဲနေသည်။ဖြူဖွေးသည့်
အသားအရည်က ထိန်းထားသည်မို့ ထင်သလောက်လည်း ကြည့်ရမဆိုးပြန်။

"လကုန်ပြီဆိုတော့ လစာထုတ်ဖို့ရယ် နောက်ပြီး နောက်လစာပါ ကြိုထုတ်ချင်လို့ပါ"

ဖြောင့်တန်းသည့် မျက်ခုံးမွေးတို့က အပေါ်ကို မြှင့်တက်သွားသည်။နောက်လစာကြိုထုတ်ခြင်းတဲ့
အကြောင်းအရာက စိတ်၀င်စားစရာပဲ။လက်ထဲက
ဝိုင်ခွက်ကို ခုံပေါ်တင်ကာ......

သံယောဇဉ်နှောင်ကြိုးTempat cerita menjadi hidup. Temukan sekarang