အပိုင်း ၂၀/အပိုင္း ၂၀

53.2K 3.9K 311
                                    

Unicode

ဆောင်းဦးစေတန်ပြန်‌သွားပြီး တစ်ပတ်ကြာမှ သူ့daddyခုထိ သတိမရသေးကြောင်း ဖုန်းရသည်။
စိတ်မကောင်းပေမဲ့ သူလိုက်သွားဖို့လည်းမဖြစ်နိုင်။
တရှောင်ရှောင်ဖြစ်ပြီး ရောဂါအမည်ရှာမရတဲ့ ရွှန်းလဲ့ကိုလည်း ပစ်ထားခဲ့ဖို့ကျတော့လည်း သူလက်မခံနိုင်။အခုတလော စိတ်တွေမကြည်မလင်
ဖြစ်နေသည်။အလုပ်မှာလည်း စိတ်မပါဘူး။

နှောင်ကြိုးဆီ တစ်ခေါက်လောက်တော့ မဖြစ်ဖြစ်အောင်သွားရမည်။ဆောင်းဦးစေတန် ဟိုကိုပြန်သွားတာ အဆိုးထဲက အကောင်းတစ်ခုပဲ။
နှောင်ကြိုးဆီကို သွားချင်ပေမဲ့ တူဖြစ်သူ ရိပ်မိသွားမှာကြောက်လို့ ကိုယ်တိုင်မလှုပ်မရှားပဲ
ငြိမ်နေခဲ့ရခြင်းပင်။

"မောင် ပြောနေတာ ကြားရဲ့လား"

"ဟင် ရွှန်းလဲ့ ဘာပြောလိုက်တာလဲ မောင်အလုပ်ကိစ္စ
စိတ်ရောက်နေလို့"

‌ရွှေစိတ်တော် ငြိုငြင်မှာစိုးလို့ ခပ်မြန်မြန်ဖြေရှင်းချက်ပေးတော့မှ တွန့်ချိုးနေ‌သည့်
မျက်ခုံးတန်းနှစ်သွယ်က ပြေလျော့သွားသည်။

"ဖေဖေတို့ဆီ သွားမလို့ ဦးကောင်းကို လိုက်ပို့ခိုင်းလိုက်မယ် မောင်ညနေ ပြန်လာချိန်ကျရင်
ရွှန်းလဲ့ကို မတွေ့ရင် စိတ်ပူနေမှာဆိုးလို့"

"သွားလေ မောင်လည်း ဒီနေ့အရေးကြီးကိစ္စရှိလို့
အိမ်ပြန်နောက်ကျမယ် အပြန်မောင်ဝင်ကြိုပေးမယ်လေ"

အပြန်ဝင်ကြိုပေးလို့ ညှိုနှိုင်းပြီး ကုမ္ပဏီသွားဖို့
အိတ်ယူပြီး အတူယှဉ်တွဲထွက်လာကာ ကားနားထိလိုက်ပို့ပေးသည်။လုပ်နေကျ အလုပ်အတိုင်း ကားပေါ်တက်ခါနီးတိုင်း ပါးတစ်ဖက်ကို နမ်းကြူတော့ ပြုံးပြရှာသည်။
ဒီအခွင့်အရေးကို ရွှန်းလဲ့တစ်ယောက်ထဲကိုပဲပေးနိုင်သည့် အတွက်
တစ်စုံတစ်ယောက်ကတော့ အပြစ်တင်နေမယ်မထင်ဘူး။

ကုမ္ပဏီကိုအရင်သွားပြီး လက်မှတ်ထိုးစရာရှိတာတွေထိုးပြီး နှောင်ကြိုးထံ
သွားဖို့အတွက် ရင်တွေတောင်ခုန်နေသည်။
ကလေးသေးသေးလေးက ဘယ်သူနဲ့တူနေမလဲ။

***********************************

"သားရေ ဘာလို့အဲ့လောက်ငိုနေတာလဲကွာ ဘာတွေအလိုမကျပြန်ဘူးလဲ"

သံယောဇဉ်နှောင်ကြိုးNơi câu chuyện tồn tại. Hãy khám phá bây giờ