Unicode
ဤအပိုင်းတွင် မသင့်တော်သော အရေးအသားနဲ့
ဇာတ်လမ်းအပိုင်းအစများပါဝင်ပါသဖြင့် အသက်မပြည့်သေးသော ကလေးများ မဖတ်ပါရန်
မေတ္တာ ရပ်ခံအပ်ပါသည်။ကျေးဇူး တင်ပါတယ်ရှင်🧡"ကိုကိုး ဦးဦးအကြောင်း ပြောပြမယ်ဆို"
ဒီပအခန်းထဲ ပြေးဝင်လာတဲ့ကလေးနှစ်ယောက်ကို
ဆံပင်ကို dryerမှုတ်နေရာက ရပ်ပြီး ကုတင်ပေါ် ခေါ်တင်လိုက်သည်။"နှစ်ယောက်လုံး ထမင်းစားပြီးပြီလား"
"ဟုတ်"
စိတ်ဝင်စားမှုကြောင့် အရောင်လက်လဲ့နေတဲ့ ကလေးနှစ်ယောက်ရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး ဒီပ
ကျေနပ်သွားသည်။"ဦးဦးရဲ့ဖေဖေနဲ့ သူ့ချစ်ချစ်ကို သိတယ်မလား"
"သိတယ် ကိုကိုး တားတို့ အမြဲ ဖုန်းပြောရတယ်"
"အင်း ဦးဦးဖေဖေနဲ့ ချစ်ချစ်က ဦးဦးကိုမွေးထားတာ
ဦးဦးဆောင်းဦးမှာ မေမေမရှိဘူး ဖေဖေနှစ်ယောက်ပဲရှိတာ"နားရှုပ်သွားတဲ့ ကလေးနှစ်ယောက်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို ဒီပ အကဲခတ်လိုက်သည်။
"ဟုတ်တယ် ဖေဖေနှစ်ယောက်၊မေမေနှစ်ယောက်၊
ပြီးတော့ ဖေဖေနဲ့ မေမေ အားလုံးက မိဘတွေပဲ
ဖေဖေနှစ်ယောက်ကလည်း သားသမီး မွေးလို့ရသလို
မေမေနှစ်ယောက်ကလည်း သားသမီးမွေးလို့ရတယ်""ဒါဆို ဦးဦးဆောင်းဦးက ဖေဖေနှစ်ယောက်ရှိတာပေါ့"
"ဒါပေါ့ သားရဲ့"
"သားတို့နှစ်ယောက်ကို ကိုကိုး တိုးတိုးလေးပြောစရာရှိတယ် ဘယ်သူကိုမှ မပြောပြရဘူးနော် "
အားတက်သရော ခေါင်းညိတ်တဲ့ ကလေးနှစ်ယောက်ကို ဒီပ ပြုံးပြီး အနားတို့ဖို့ လက်ယက်ခေါ်လိုက်သည်။
"ကိုကိုးမှာ ယောကျာ်းရှိတယ်။ကိုကိုးတို့နှစ်ယောက်က
ကလေးသေးသေးလေးမွေးမှာ။အဲ့တာ သားတို့နှစ်ယောက်ကိုပဲ ကိုကိုးပြောပြတာနော် ဘယ်သူ့
ကိုမှ ပြန်မပြောပြနဲ့။ကတိပေး"လက်သန်းလေး ထောင်ပြပြီး ကတိတောင်းတော့
လက်သန်းလေး ပြန်ထောင်ပြပြီး ဒီပလက်ကို လာချိတ်တွယ်ပြီး ကတိပေးသည်။အနည်းဆုံးတော့
ဒီကလေးတွေ အတွေးမှာ မိဘဆိုတာ ယောကျာ်းနဲ့
မိန်းမ စုံတွဲမှာပဲ ဖြစ်ခွင့်ရှိတာမဟုတ်ဘူးဆိုတာ
နားလည်သွားတာပေါ့။
ESTÁS LEYENDO
သံယောဇဉ်နှောင်ကြိုး