အပိုင်း ၁၅/အပိုင္း ၁၅

49.6K 3.7K 88
                                    

Unicode

ရွှန်းလဲ့ကို တစ်ယောက်ထဲမို့ စိတ်မချဖြစ်နေရမဲ့အတူတူ အခန်းပြန်မပို့တော့ပဲ အိမ်ကိုပဲ ခေါ်လာလိုက်သည်။
ကိုယ့်အိမ်ကလည်း အမြဲဝင်ထွက်နေကြမို့ ရွှန်းလဲ့အတွက် စိမ်း‌မနေ။

စိမ်းနေသည်က သူ့တူ ဆောင်းဦးစေတန်ကိုပင်။
အခုလည်း ဧည့်ခန်းထဲမှာ မိန့်မိန့်ကြီး ထိုင်နေသည့်အတွက် ကိုယ်တောင် အနည်းငယ်ရှိန်သွားရသည်။
မိဘအိမ်ကို မိန်းမခိုးလာတဲ့ သားကဲ့သို့ မဝံ့မရဲဖြစ်သွားရသည်။

"အဟမ်း ရွှန်းလဲ့ လာထိုင်လေ ဒါကိုယ်‌ပြောတဲ့ ကိုယ်တူ ဆောင်းဦးစေတန်"

မျက်လုံးပြာလဲ့လဲ့ရဲ့ အကြည့်စူးစူးအောက် အနည်းငယ်
သိမ်ငယ်သွားသယောင်ယောင်နဲ့ အနေကျုံ့မိသည်။
သိမ်ငယ်မှုကို ဖုံးကွယ်တဲ့ အပြုံးတုတစ်ခုနဲ့ ကြည်လင်စွာ ပြုံးပြလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ် မ,နာမည်က ရွှန်းလဲ့ပါ"

"ကျွန်တော်လည်း အတူတူပါပဲ ဦးငယ်က အကောင်းကြိုက်တတ်သားပဲ မ,လို ငယ်ငယ်ချောချောနဲ့ ထက်မြတ်တဲ့သူကို ရွေးချယ်နိုင်တယ်"

"မဟုတ်တာကွယ် မြှောက်နေပြန်ပါပြီ မက အမြှောက်ကြိုက်တယ်နော်"

ဒီကောင်လေးပြောတဲ့ စကားကို ဘဝင်မကျသော်လည်း
ပေါင်းသင်းဆက်ဆံရေးမှာ တစ်ဖက်ကမ်းခတ် ထူးချွန်ထက်မြတ်သူပီပီ စကားလှအောင် ပြန်ပြောပြလိုက်နိုင်သည်။

"ဦးငယ်ကို ပြောစရာရှိတယ် အိမ်ကူအသစ်ခေါ်ဖို့ကိစ္စလေ"

"မောင် နှောင်ကြိုးကို အလုပ်ထုတ်လိုက်တာလား"

စိတ်မရှည်တတ်သူမောင်က သူခန့်ပေးခဲ့တဲ့ ကောင်လေးကို အလုပ်ထုတ်လိုက်ပြီထင်တယ်။

"ဟုတ်တယ်"
"မဟုတ်ဘူး"

ဆန်းကျင်ဘက်စကားသံနှစ်ခုမှာ ဘယ်သူကအမှန်ပြောတာလဲဆိုတဲ့ သဘောဆောင်အကြည့်ကို ‌လူနှစ်ဦးထံ ပေးပို့လိုက်သည်။

"ဟုတ်တယ်ဆိုတာက ကျွန်တော် နှောင်ကြိုးကို အိမ်မှုကိစ္စတွေ မလုပ်ခိုင်းနိုင်တော့ဘူး အဲ့တာကြောင့်
ထုတ်တယ်လို့ ပြောတာ နောက်လူခေါ်ဖို့အတွက်
မပူနဲ့ လစာ ကျွန်တော်ပေးမှာ"

သံယောဇဉ်နှောင်ကြိုးNơi câu chuyện tồn tại. Hãy khám phá bây giờ