အပိုင်း ၃၉/အပိုင္း ၃၉

49.8K 3.5K 275
                                    

Unicode

အိမ်ပြန်ရောက်တဲ့အထိ အရှိန်မသတ်နိုင်။အရက်တစ်ပုလင်း သွားယူ ထုတ်လာပြီး ဖန်ခွက် နှစ်ခွက်ပါ ယူထုတ်လာသည်။

"အတူသောက်ရအောင် နှောင်ကြိုး"

"မသောက်ဘူး ကျွန်တော်က သောက်လေ့သောက်ထမရှိဘူး"

"မသောက်ရင်လည်း ထိုင်နေကွာ ငါ‌သောက်မယ်"

နှောင်ကြိုး စိတ်အိုက်သွားရသည်။သောက်လည်း မသောက်ချင်သလို ထိုင်လည်းမထိုင်ချင်ပါ။
မထိုင်ပြန်ရင်လည်း ဒီအမူးသမားက ရစ်အုံးမယ် ထင်သည်။

"နှောင်ကြိုး မင်းရည်းစားထားဖူးလား"

"ဘာလုပ်မို့လဲဗျာ"

"ပြောပြစမ်းပါကွာ သိချင်လို့"

တစ်ခွက်ပြီးတစ်ခွက်သောက်နေတဲ့ နိုင်ဦးက ရေချိန်
ကိုက်နေပြီ။နှောင်ကြိုး သက်ပြင်းဖွဖွ ချလိုက်သည်။
သားရဲ့ကိုယ်ဝန်ဆိုတာကို စသိချိန်ကနေ အခုထိ သူ့မှာ
အချစ်ဆိုတာ ဘာမှန်းတောင်မသိတော့ပေ။
ယောကျာ်းတစ်ယောက်က ကိုယ်ဝန်လွယ်တယ်ဆိုတော့
ဂေးလားလို့မေးရင် သူ့မှာဖြေစရာမရှိပါ။ဂေးဖြစ်လို့
ကိုယ်ဝန်ဆောင်တာမဟုတ်ပေ။မေတ္တာကြောင့်သာ
ကိုယ်ဝန်ဆောင်ခဲ့ခြင်းပင်။

"ပြောလေကွာ"

"ရည်းစားတော့ မထားဖူးဘူး သဘောကျဖူးတဲ့သူတော့ရှိတယ်"

ဟင်ခနဲ နိုင်ဦး အံ့ဩသွားသလို တစ်ချိန်ထဲမှာပဲ အဲ့လူက သူဖြစ်ဖို့ မျှော်လင့်မိသည်။

"ဘယ် ဘယ်သူလဲ"

"ရပ်ကွက်ထဲက ကောင်မလေးပါ သူကချောတယ်
မျက်နှာအေးလေး သူ့ကိုမြင်တိုင်း အပူတွေအားလုံး
ချုပ်ငြိမ်းသွားသလိုပဲ"

မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပေ။မမြင်ဖူးတဲ့
မျက်နှာအေးလေးဆိုသူက သူ့ကိုတော့ အေးချမ်းမှု
မပေးနိုင်။

"အခုကော သဘောကျနေသေးလား"

"မကျတော့ပါဘူး ကျွန်တော့်လို ကလေးတစ်ယောက်အဖေကို ဘယ်သူက လက်ခံမှာလဲ။ပြီးတော့ ကျွန်တော့် အတွေးမှာ
သားပဲရှိတော့တယ်"

သံယောဇဉ်နှောင်ကြိုးNơi câu chuyện tồn tại. Hãy khám phá bây giờ