အပိုင်း ၁၇/အပိုင္း ၁၇

47.5K 3.9K 400
                                    

Unicode

ထိန်လင်းပြည့်ဝန်းနေတဲ့ လမင်းကြီးက လောကတစ်ခွင် အလင်းရောင်ဖြန့်ကျက်ပေးနေသည်။အလင်းရောင်
ဖျဖျအောက်မှာ သန့်ရှင်းလတ်ဆတ်နေတဲ့ လေနုအေးအေးနဲ့အတူ ပန်းပေါင်းစုံ ရနံ့တို့သင်းပျံ့နေသည် ။

ကောင်းကင်မှာ ကြယ်တွေစုံနေသလို နှောင်ကြိုး
ရင်ထဲမှာလည်း သောကတွေပေါင်းစုံနေသည်။
အိပ်မပျော်မဲ့အတူတူ ခြံထဲက ဒန်းပေါ်မှာ အတွေးပေါင်းစုံတို့ကို အဖော်ပြုနေမိသည်။

"မအိပ်သေးဘူးလား နှောင်ကြိုး"

လှည့်မကြည့်ပေမဲ့ စူးရှပြီးတည်ငြိမ်တဲ့ဒီအသံပိုင်ရှင်
ဟာ နိုင်ဦးစေတန်ပင်။

"အင်း မျက်စိကြောင်နေတယ် ထင်ပါရဲ့"

ဘေးနားဝင်ထိုင်လိုက်သူကြောင့် ဒန်းက
ငြိမ့်ခနဲဖြစ်ပြီး အနည်းငယ် လှုပ်ယမ်းသွားသည်။

"နေလို့ထိုင်လို့ကော သက်တောင့်သက်သာဖြစ်ရဲ့လား"

ပြုံးမိသည် တကယ်ကို နာနာကျင်ကျင်ပြုံးမိသည်။
ကိုယ်ဝန်လွယ်စဉ်ကာလတစ်လျှောက်လုံး ပထမဆုံး
အကြိမ် ကလေးနဲ့ပတ်သက်ပြီး မေးဖူးတဲ့စကားပင်။

"သားက ကျွန်တော့်ကို အနေခက်အောင် မလုပ်ပါဘူး"

"သားး ယောကျာ်းလေးလား အာထရာစောင်းရိုက်ပြီးပြီလား"

အနည်းငယ်တုန်ယင်သွားတဲ့ အသံကို တတ်နိုင်သမျှထိန်းပြီး မေးလိုက်သည်။သားတဲ့
ဒီအကောင်ပေါက်လေးတောင် ‌သားလား သမီးလား
ကွဲနေပြီပဲ။မင်းနဲ့တူရင်တော့ ချစ်စရာကောင်းတဲ့
သားလေး ဖြစ်ပြီး ငါနဲ့ တူရင်တော့ ခပ်ဆိုးဆိုး
ဂျွတ်ဆတ်ဆတ်ကလေးလေး ဖြစ်နေတော့မှာပဲ။

"ကလေးကို သေချာပြုစုပျိုးထောင်မှ ဖြစ်မယ်
ကိုယ်ငယ်ငယ်တုန်းက အရမ်းဆိုးတာ ကိုယ်နဲ့သာ
တူရင် မင်းထိန်းလို့နိုင်မှာ မဟုတ်ဘူး"

"အဟက် ခင်များနဲ့တူရင် ဟုတ်လား တူရအောင် ခင်များသားမို့လို့လား"

မျက်နှာကို ရေနွေးပူနဲ့ အပက်ခံလိုက်ရသလို ပူခနဲ
ဖြစ်သွားရသည်။ဘယ်လိုစိတ်နဲ့များ ကိုယ်နဲ့တူရင်
လို့ ပြောထွက်ရတာပါလိမ့်။ မလိုချင်လို့ ကိုယ်တိုင်ဖျက်ချခိုင်းခဲ့တဲ့ ကလေးလေ။

သံယောဇဉ်နှောင်ကြိုးDonde viven las historias. Descúbrelo ahora