အပိုင်း ၃၄/အပိုင္း ၃၄

47.1K 3.6K 255
                                    

Unicode

သွေးလှူပြီး လိုအပ်တဲ့ ဆေးတစ်ချို့ပေးကာ ပြန်လို့ရပြီမို့ ကုတင်ပေါ်ကအထ မိုက်ခနဲဖြစ်သွားသည်။အမြန်ထိန်းကိုင်ပေးတဲ့
ဆရာမလေးကို ရကြောင်း လက်ပြပြီး သားဆီသာ
ခြေလှမ်းတွေ ဦးတည်လိုက်သည်။

"သား နာနေသေးလား"

မျက်ရည်လေးစမ်းတမ်းတမ်းနဲ့နှုတ်ခမ်းလေးဆူကာ သားက ခေါင်းညိတ်ပြသည်။နာလိုက်တာ သားခေါင်းက ဆေးစွန်းနေတဲ့ ပတ်တီးဖြူဖြူ
လေးက နာကျင်မှုရဲ့ တရားခံ။
ကုတင်ပေါ်က ငုတ်တုတ်လေး ထိုင်နေတဲ့ သားကို ပွေ့ချီပြီး အိမ်ပြန်ဖို့ ပြင်ရသည်။

"ဟင့်အင်း ဖေဖေပဲချီ ဖေဖေ့ပေါ်မှာပဲ နေမှာ"

သူချီထားတဲ့ လက်ပေါ်ကနေ သူ့အဖေဆီ လက်နှစ်ဖက်ကမ်းပေးပြီး သူ့ကိုချီခိုင်းသည်။
ရင်ခွင်မက်တဲ့ အရွယ်မို့ မိဘရင်ခွင်ထဲမှာပဲ
နေချင်သည်နဲ့ တူသည်။ဒါကြောင့်လည်း ကိုယ့်ပေါ်မှာ
ထက် သူ့အဖေပေါ်မှာပဲ နေဖို့ ရွေးချယ်သွားသည်။

"အင်းအင်း ဖေဖေ ချီမယ်နော်"

အကျီရင်ဘတ်ပေါ်မှာ စွန်းထင်းနေတဲ့သွေးတွေနဲ့
ညီနံ့ နံနေသလို အားတင်းပြီး ပြုံးထားရဲ့ အပြုံးတွေက
ဖြူလျော့လျော့။သူ့ပုခုံးပေါ် ခေါင်းလေးမှီပြီး
အနာရှိန်နဲ့ ကပ်ချွဲနေတဲ့သားရဲ့ ကျောပြင်လေးကို
ဖွဖွလေး ပွတ်ပေးလိုက်သည်။

"ဦးငယ် ရရဲ့လား သွေးလှူထားတာဆိုတော့ အားနည်းမယ် အိမ်မှာ ကောင်းကောင်း အနားယူရမယ်နော်"

ဒီပ သူ့လက်မောင်းကို လာတွဲပြီး ကားထဲ တွဲပို့ပေးရှာသည်။

"ဦးငယ်ကားကို ထားခဲ့ ပြီးမှ လာပြန်ယူ။အခု
ဒီကားနဲ့ ပြန်လိုက်နော်"

ကားနောက်ခန်းမှာ နိုင်ဦးစေတန်တစ်ယောက်ထဲ
ထိုင်ပြီး နှောင်ကြိုးတို့ သားအဖက ကားအရှေ့ခန်းမှာ ထိုင်လိုက်လာသည်။

"ဖေဖေ နာတယ်"

"အင်းပါသားရယ် ခဏလေးပဲ နာတော့မှာပါ။
ဖေဖေ့သားလေးက သတ္တိရှိပါတယ်နော်"

သာနဖူးလေးကို ဖွဖွငုံ့နမ်းပြီး ကားမှန်ကနေတစ်ဆင့် အနောက်ကလူကို ကြည့်မိသည်။မျက်ဝန်းသေတွေ
နေတဲ့ သားကိုငေးကြည့်နေသည်။ဒါဟာ ပစ်ပယ်ခံ ရတဲ့ ဖခင်တစ်ယောက်ရဲ့ နာကျင်မှုမျိုးပင်။သားက
ခင်များကို ပစ်ပယ်ခဲ့တာ မဟုတ်ဘူး။သားကို
ခင်များကိုယ်တိုင်ကပဲ ပစ်ပယ်ခဲ့တာ။

သံယောဇဉ်နှောင်ကြိုးOù les histoires vivent. Découvrez maintenant