အပိုင်း ၃၂/အပိုင္း ၃၂

48.1K 3.5K 88
                                    

Unicode

ကလေးပီပီ မေ့လွယ်ပျောက်လွယ်တဲ့သားက မေမေကိစ္စကို မေ့သွားပုံပါပဲ။တကယ်ပဲ မေ့သွားတာလား အဖြေမပေးနိုင်တဲ့ ဖခင်အတွက်
မေ့ချင်ယောင်ဆောင်တာလားဆိုတာ သားပဲ သိမယ်ထင်တယ်။

"ဒီနေ့ ဆောင်းဦးစေတန်ပြန်လာမယ်ဆိုလို့ ဘုန်းဉာဏ် မနက်အစောကြီးထဲ က လေဆိပ်သွားကြို‌တယ်"

နံနက်ခင်း မနက်စာစားဖို့ နှောင်ကြိုးရောက်ချိန်
နိုင်ဦးစေတန် သတင်းပေးဖြစ်သည်။

"မနက်စာ ဘာမှ မစားသွားဘူးလား"

"အင်း"

"daddy ဦးဦးပြန်လာရင် မေမေ့ဆီသွားမယ်လေ"

"မေမေ လို့မခေါ်ရဘူး ဆရာလေးလို့ ခေါ်ရမယ်လို့
daddy ပြောထားတယ်လေ"

အလိုမကျဟန်နဲ့ နှုတ်ခမ်းကြီး ဆူထော်ထားတဲ့
ဥက္ကာကျော်လေးကို ပြုံးပြီးကြည့်မိသည်။ပြုံးမိပြီးမှ
ငြိမ်နေတဲ့ သားမိုးဦးကို နိုင်ဦးအားတုံ့အားနာ ဖြစ်သွားရသည်။အမေမရှိဖူးလို့ ထင်နေတဲ့ ဒီကလေးကို သားမှာ ဖေဖေနှစ်ယောက်ရှိတာပါလို
ပွေ့ဖက်ပြီး ပြောလိုက်ချင်သည်။

"ခင်များလည်း ဒီနေ့အလုပ် နားတယ်ဆိုတော့ အိမ်မှာလူစုံတယ် ဒီနေ့က မိုးဦးလေးရဲ့ မွေးနေ့
လေးနှစ်ပြည့်ပြီ အဲ့တာကြောင့် ညကျရင် ဘုရားသွားရ
အောင်"

"ဟင် သားက ဒီနေ့လေးနှစ်ပြည့်တာလား ဖေဖေ"

"ဟုတ်ပ့ဗျာ ဖေဖေ့သားက အသက်လေးနှစ်ပြည့်ပါပြီခမျ"

"နောက်ဘယ်နှစ်နှစ်ပြည့်ရင် ဖေဖေ့ကိုလုပ်ကျွေးလို့ရပြီလဲဟင်"

"အာ့ ဟပ်ထိသွားပြီ ဖေဖေ့သားက တတ်လိုက်တာ"

နှလုံးသားတည့်တည့်ကို လက်သေးသေးလေး
နှစ်ဖက်နဲ့ အုပ်ပြီး ရင်ထဲရောက်သွားပြီဆိုတဲ့ အမူအရာ
လုပ်ပြတော့ အားလုံး အတူတူရယ်မောမိသည်။ဒီလို
ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို အပိုင်လိုချင်ပေမဲ့
နှောင်ကြိုးက လက်မခံ။ဥက္ကာကျော်လေးရဲ့ အမေနေရာကို အစားထိုးချင်တယ်ဆိုရင်လည်း
တခြားတစ်ယောက်ကိုသာ ရှာဆိုပြီး အတိအလင်း
ငြင်းပယ်ထားသည်။အပိုင်မရပေမဲ့လည်း မိသားစုဘဝ
လေးကို ကူညီအားဖြည့်ပေးရုံနဲ့ ကျေနပ်နေရသည်။

သံယောဇဉ်နှောင်ကြိုးHikayelerin yaşadığı yer. Şimdi keşfedin