အပိုင်း ၃၈/အပိုင္း ၃၈

49.4K 3.6K 175
                                    

Unicode

အချိန်ဘယ်လောက်ရှိသွားပြီလဲ မသိဘူး။ဖြတ်ခနဲ မျက်လုံး ပွင့်ပွင့်ချင်းသတိရလိုက်တာက နှောင်ကြိုးပင်။သူ့ကို ဆေးတိုက်ပြီး စောင်နေပေးတဲ့
ကောင်လေးကို မျက်လုံးဝေ့ပြီးရှာပေမဲ့ မတွေ့။နာရီကြည့်လိုက်တော့ ခြောက်နာရီခွဲပင်။
တစ်ကိုယ်လုံး အားအင်ချိနဲ့ပြီး မထနိုင်ဖြစ်နေသည်။
ရေချိုးလိုက်မှ စိတ်လန်းမှာမို့ ရေချိုးခန်းထဲကို
အားယူပြီးသွားကာ ရေတဝကြီး ချိုးလိုက်သည်။

ရေချိုးခန်းက ထွက်ထွက်ချင်း ရလိုက်တဲ့အနံ့က
ကြက်စွတ်ပြုတ်အနံ့။ကြက်စွတ်ပြုတ်မကြိုက်သူမို့
အနံ့ရတာနဲ့ကို အန်ချင်သည်။

"နိုးနေပြီလား ကျွန်တော်က မနိုးသေးဘူးတောင်
ထင်နေတာ"

"မင်းယူလာတဲ့ ဟာကြီး အပြင်ပြန်ယူသွားစမ်းပါ
ငါ အန်ချင်လွန်းလို့"

နှောင်ကြိုး ဒေါသထောင်းခနဲ ထွက်သွားရသည်။သူ
အားမရှိမှာစိုးလို့ စေတနာနဲ့ တကူးတကလုပ်လာပေး
တာကို နှင်ထုတ်ခံရသည်။

"ခများက စေတနာနဲ့ကို မတန်တာနော်။ ခင်များအတွက် မနက်အစောကြီးထပြီး ချက်ပြုတ်ပေး
ထားရတာ။ နေပါစေ သွားသွန်ပစ်မယ်"

"နေ နေ ငါ သောက်မယ် ချထားလိုက်"

စိတ်ဆိုးမာန်ဆိုးနဲ့ သွားသွန်ပစ်မယ်ဆိုတဲ့ လူသေးသေး
လေးစိတ်ချမ်းသာအောင်သာ ချထားလိုက်လို့ပြောတာ
ပါးစပ်ထဲ ဘယ်လိုထည့်ရမှန်းမသိ။အဝတ်အစားလဲပြီး
စွပ်ပြုတ်သောက်ရမှာကိုတောင် ကြောက်နေမိသည်။

"သောက်လို့မရဘူးလား ကျွန်တော်တိုက်မယ်"

စွပ်ပြုတ်ပန်းကန်ကို သွက်သွက်လက်လက် လှမ်းယူပြီး
ဇွန်းနဲ့မွှေကာ ‌တိုက်သည်။အမြဲတမ်း လူတိုင်းပေါ် ပြုစု
ယုယပေးနေကြ နှောင်ကြိုးအတွက် သာမန်ဆိုပေမဲ့
နိုင်ဦးစေတန်အတွက် ဒီလိုပြုစုခံရတယ်ဆိုတာ
မရှိခဲ့တဲ့ အတွက် နည်းနည်းရှက်နေမိသည်။

"တော်ပြီ ကိုယ်ဆက်သောက်ရင် အန်ထွက်လိုက်မယ်"

မသောက်ချင်တော့သည့်သူ့ကို အလိုက်သိစွာ ဆက်မတိုက်တော့ပဲ စွပ်ပြုတ်ပန်းကန်ကို ချပြီး
ဆေးတစ်ချို့နဲ့ ရေနဲ့ယူကာ တိုက်သည်။အမေတစ်ယောက်လို အသေးအမွှားကစ
ဂရုစိုက်ပေးသူကြောင့် မသိစိတ်က မျက်ရည်တောင်
လည်ချင်သည်။ဘာမှမဟုတ်တဲ့ အပြုအမှုဆိုပေမဲ့
နှလုံးသားတစ်စုံကိုတော့ လှုပ်ကိုင်လိုက်နိုင်သည်။

သံယောဇဉ်နှောင်ကြိုးNơi câu chuyện tồn tại. Hãy khám phá bây giờ