Unicode
ဘွားဘွားကြီးဆီ အလည်သွားမလို့ လိုက်ပို့ပေးဆိုတဲ့
ကလေးနှစ်ယောက်ကို ဘုန်းဉာဏ် ကားနဲ့တင်ခေါ်ပြီး
နှောင်ကြိုးအမေအိမ်ပို့ပေးခဲ့ရသည်။နိုင်ဦးကားနဲ့ ခေါ်တင်သွားပေးချင်ပေမဲ့ သူ့ကို့ အမြင်မကြည်တဲ့
နှောင်ကြိုးမိခင်ကြောင့် ဘုန်းဉာဏ်ကားနဲ့သာ
ထည့်ပေးလိုက်ရသည်။မသွားစေချင်သော နှောင်ကြိုးကိုလည်း ကလေးတွေ
တစ်ခါတစ်လေ သွားတာ သွားပါစေဆိုပြီး နားချရသေးသည်။နှောင်ကြိုး မလွှတ်ချင်တာလည်း
မပြောနဲ့ ဘွားဘွားကြီးကို အကြောင်းပြပြီး
ရပ်ကွက်ထဲက ကလေးတွေ သွားသွားဆော့ပြီး
ရန်ဖြစ်ဖြစ်လာလို့ပင်။သူတို့အဘွားကလည်း သူ့မြေး
တွေ မခံလာရရင် ကလေးတွေပဲဆိုပြီး ပြီးလေ့ရှိပေမဲ့
သူ့မြေးတွေ ခံလာရရင်တော့ ရန်လိုက်ဖြစ်နေကျ။အိမ်မှာ ဘယ်သူမှမရှိတုန်း အေးဆေး အနားယူရသည်။သုံးနှစ်တာကျော်လာသည့် ကာလအတွင်း နိုင်ဦးစေတန်တို့ရဲ့ တိုးချဲ့လာသည့်
စီးပွားရေးဈေးကွက်အတွင်း နှောင်ကြိုးရဲ့ ရင်နှီးမြှုပ်နှံ
ပိုမိုများပြားလာသည်။ဒီအိမ်မှာ ဘာမှမပင်မပန်းပဲ ဝင်ငွေအဖြောင့်ဆုံးက နှောင်ကြိုးပဲဆိုပြီး ဆောင်းဦးစေတန် အမြဲ စလေ့ရှိသည်။ဆူပူကြိမ်းမောင်းပြီး အမြဲဒေါသထွက်နေရပေမဲ့
ရှေ့ရေးကိုတော့ အမြဲတွေးပူပါသည်။နိုင်ဦးစေတန်သာ
နောက်အိမ်ထောင် ထပ်ပြုခဲ့ရင် ဒီအိမ်မှာ သူ့အတွက်
နေရာမရှိတော့ပေ။လွတ်လပ်တဲ့ သူတစ်ယောက်
အနေနဲ့ မပြုဖူးလို့ မပြောနိုင်သလို သူလည်း
တစ်ချိန်ချိန်မှာ အိမ်ထောင်ပြုဖို့ ကံပါလာရင်
ပြုမယ်လို့ တွေးမိပေမဲ့ သူ့သား မိုးဦးလေးနဲ့
အဆင်ပြေမယ်မထင်။အနာဂတ်ကို တွေးတိုင်း
ရင်မောရသည်။အိမ်မှာ သူ့အလုပ်က ကလေးနှစ်ယောက်ကို ထိန်းရုံပဲ
ဆိုတော့ ကလေးနှစ်ယောက်မရှိတော့ ရင်ထဲဟာတာတာနဲ့ တစ်ခုခုလိုနေသလိုပင်။
အလုပ်မရှိ ကြောင်ရေချိုးဆိုသလို ကလေးတွေ အဝတ်တွေကို သေချာပြန်သန့်ရှင်းရေးလုပ်ပေးပြီး အားတဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချတဲ့အနေနဲ့
ဝဝလင်လင် အိပ်စက် အနားယူလိုက်သည်။
ESTÁS LEYENDO
သံယောဇဉ်နှောင်ကြိုး