အပိုင္း ၃၇/အပိုင်း ၃၇

49.4K 3.6K 221
                                    

Unicode

နှောင်ကြိုး ကလေးခေါ်ထုတ်သွားဖို့လုပ်ပြီးတဲ့အချိန်ကစပြီး
တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ပုံမှန် ကလေးနှစ်ယောက်ရဲ့ ရယ်မောသံ၊ဆော့ကစား
သံတောင် မကြားရတော့တဲ့ အထိပင်။
ကလေးနှစ်ယောက်လည်း အရင်လို တပူးပူးတတွဲတွဲနဲ့
မနေကြတော့ပဲ ဖအေတွေအနားမှာသာ ကပ်နေကြသည်မို့ ကြားထဲကနေ ဒီပ စိတ်မကောင်း
ဖြစ်ရသည်။

အခုလည်း  သူ့daddyအလုပ်သွားလို့ အခန်းထဲ
ငြိမ်ငြိမ်လေး အရုပ်တွေနဲ့ ထိုင်ဆော့နေတဲ့ ဥက္ကာကျော်လေးကို ဘယ်လိုစကားစရမှန်းမသိ။

"သား ဥက္ကာလေး ကိုကိုနဲ့သွားမဆော့ဘူးလား"

သူ့ကို မော့ကြည့်ပြီး ခေါင်းခါပြသည်။

"ဘာလို့လဲသားရဲ့ ကိုကိုပျင်းနေမှာပေါ့"

"ဖေဖေ စိတ်ဆိုးမှာဆိုးလို့"

အရုပ်လေးတွေ ကိုင်ဆော့နေရာမှ သူ့ကိုမကြည့်ပဲ ဖြေသည်။

"ဘာလို့ ဖေဖေကစိတ်ဆိုးရမှာလည်း သားရဲ့
သားမလာလို့ သားဖေဖေကတောင် သားသူ့နားမလာ
ဘူးလို့ ကိုကိုးကို ပြောနေသေးတာ"

"ဖေဖေက daddyကို စိတ်ဆိုးနေတာလေ
ပြီးတော့  ဖေဖေက သားကို မချစ်ဘူး"

ဒီပ ဥက္ကာလေးဘေးနားဝင်ထိုင်ပြီး ရင်ခွင်ထဲ ထွေးပွေ့လိုက်သည်။ဒီကလေးတွေရဲ့ စိတ်ထဲ ကိန်းဝပ်
နေမဲ့ စိတ်ဒဏ်ရာကို ဘာလို့ ထည့်မတွက်ကြတာလဲဆို
တာ ဒီပ နားမလည်နိုင်။

"ချစ်တာပေါ့ သားရဲ့ သားဖေဖေက သားကို ချစ်လွန်းလို့
သားငယ်ငယ်လေးထဲ ပြုစုစောင့်ရှောက်လာတာလေ
သားရဲ့ အဲ့လိုမတွေးရဘူး"

ဒီပ ကလေးကို ထွေးပွေ့ပြီး ဖြောင်းဖျပြောဆိုနေပေမဲ့
အခန်းတံခါးဝကနေ လှည့်ပြန်သွားတဲ့ နှောင်ကြိုးနဲ့
မျက်ရည်စတွေကို တွေ့ခွင့်မရလိုက်ဘူး။

"ဖေဖေ ဖေဖေငိုနေတာလား"

သားတွေ့မှာစိုးလို့ မျက်ရည်တွေကို တစ်ဖက်လှည့်ပြီး
သုတ်လိုက်ပေမဲ့ သားက တွေ့ဖြစ်အောင် တွေ့သွားသည်။

"မငိုပါဘူး ‌ဖေဖေမျက်လုံးထဲ ဘာဝင်သွားမှန်းမသိလို့"

နှောင်ကြိုးအနားရောက်လာပြီး မျက်နှာကို သေချာလိုက်ကြည့်ကာ တကယ်ငိုမငို ဆန်းစစ်နေသည်။

သံယောဇဉ်နှောင်ကြိုးDonde viven las historias. Descúbrelo ahora