အပိုင်း ၇

69 13 0
                                    

( Zawgyi Version )

လျိုလျဲ့ရှန်း သည် လျင်မြန် ဖျတ်လက်ပြီး လူကဲခတ်ရာတွင် တော်သည်။
သူမသည် အပျိုတော်များကို စူးစိုက်ကြည့်နေသည်။အထူးသဖြင့် သာမန် မိန်းကလေးထက် အရပ်ပိုမြင့်နေသော ဖုန်းကျန့် ကို သေချာ လေ့လာ အကဲခတ်နေသည်။သူမ ညစာစား နေရင်းမှ မေးလိုက်သည်။

" မင်းတို့က အသစ်တွေ ထင်တယ် ''

ဖုန်းကျန့် တို့သုံးယောက်လုံးဖြေသော်လည်း ဖုန်းကျန့် ၏ အသံမှာ ပို၍ ထင်ပေါ်နေသည်။

"ဟုတ်ပါတယ် မင်းသမီး ''

လျိုလျဲ့ရှန်း က ဖုန်းကျန့် ကိုကြည့်ပြီး မေးသည်။

" မင်းက ဘယ်ကလဲ ?''

ဖုန်းကျန့် မှာ ရင်ထဲ ထိတ်လန့်သွားတော့သည်။
' ငါယောက်ျား လေးမှန်း သိသွားပြီလား! '

နွဲ့ရှောင်ချင်း ကဘေးမှ ဖုန်းကျန့် ကို လက်ဖြင့် တို့ပြီး
အသိပေးမှ

" မင်းသမီး ကို လျှောက်တင်ပါတယ် ။ ကျွန်တော်မျိုးမက ကျန်းနန်ကပါ ''

လျိုလျဲ့ရှန်း က ဆက်မေးသည်။

"ကျန်းနန် က မိန်းကလေးက တွေက မင်းလိုပဲ အရပ်ရှည်ကြတာလား ဘာတွေများစားလို့လဲ ''

ဖုန်းကျန့် မှာ ထိုစကားကြားမှ အပူလုံးကြီး ကျသွားတော့သည်။

" လူတိုင်းတော့ မဟုတ်ပါဘူး။အရပ်ရှည်တဲ့ထဲ ကျွန်မက တစ်ယောက်ပါနေတာလေးရယ်ပါ "

လျိုလျဲ့ရှန်း က ဆက်ပြောသည်။

" အင်း ...မင်းရဲ့ အရပ်ရှည်တာကြီး ငါကြည့်မရဘူး ..''

ဖုန်းကျန့် ၏ စိတ်ထဲ
' ငါမောင်းထုတ်ခံရတော့မှာလား ဒီတစ်ခါ ငါ ဘယ်နန်းဆောင် သွားရတော့မှာလဲ ' အတွေးလည်နေရင်း ထပ်ကြားလိုက်ရသော စကားကြောင့် ဝမ်းသာသွားရသည်။

"မျက်စိနောက်တယ် နင့်ဖိနပ်ကို အပါးပြောင်းစီးလိုက် "

"ဟုတ်ကဲ့ မင်းသမီး လက်ခံပေးလို့ ကျေးဇူးတင်ပါတယ် "

မင်းသမီး မှာ တစ်ခုခု ကို အရမ်းသိချင်နေသည့်ဟန် ထပ်မေးလာသည်။

Life Of A King And His Destiny (BL)(Own Creation) Where stories live. Discover now