( Zawgyi Version)
ဖုန်းကျန့် မင်းကြီး ကို ဝင်တွေ့တွေ့ချင်း အတင်းဖက်ကာ ငိုတော့သည်။
" တောင်းပန်ပါတယ် ဟုန်ယွမ် ငါ..တောင်းပန်ပါတယ် "
မင်းကြီး က လည်း ဖုန်းကျန့် ကို တင်းတင်းဖက်ကာ ပြောသည်။
" မဟုတ်ဘူး ကျန့်ကော ကို ကျွန်တော် က တောင်းပန်ရမှာ ကျွန်တော် တောင်းပန်ပါတယ်
ကျန့်ကော မိဘတွေအတွက် ဖြူစင်မှု ကို ကျွန်တော် ကိုယ်တိုင် မရှာပေးနိုင်ခဲ့ဘူး ပြီးတော့ ကျန့်ကော ကို အရင်ဆုံး လာမရှာနိုင်ခဲ့ဘူး ပြီးတော့ ကျန့်ကော ကို မကာကွယ်ပေးနိုင်ခဲ့ဘူး တောင်းပန်ပါတယ် "ဖုန်းကျန့် က ပြောသည် ။
" မဟုတ်ဘူး ငါက တောင်းပန်ရမှာ ငါမင်းကို လိုက်မရှာခဲ့မိဘူး တကယ်ဆို ငါက မင်းကို လိုက်ရှာခဲ့ရမှာ ငါ တကယ်တောင်းပန်ပါတယ်..
ပြီးတော့ ကိုယ့်ကို မမေ့ဘဲ အခုချိန်ထိ သတိရပြီး လက်မလျော့ဘဲ လိုက်ရှာပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်..
ယွမ်အာ ငါ မင်းကို ချစ်တယ် "နှစ်ယောက်သားမှာ ကျင့်မင် ကို မတွေ့ကြဘဲ အချစ်စကားများကို နှောင်ဖွဲ့နေကြသည်။
" ကျွန်တော်လည်း ကျန့်ကော ကို ချစ်တယ် "
မင်းကြီး က ဖုန်းကျန့် ၏ ခေါင်းစည်းကို ထိရင်း ပြောသည်။
" ကျန့်ကော ကျွန်တော့်ကို ကာကွယ်ပေးခဲ့သလို
အဲ့နေ့က ကျန့်ကော ကို တကယ် ကာကွယ်ပေးချင်ခဲ့တာ ခုတော့ ဒဏ်ရာတွေရကုန်ပြီ တောင်းပန်ပါတယ် ကျန်ကောကို မကာကွယ်ပေးနိုင်ခဲ့ဘူး။
ကျွန်တော်က အရမ်းညံ့တာပဲ "" အဟမ်း.. အဟမ်း.."
ကျင့်မင် က ဆက်ပြီး မခံစားနိုင်တော့ပေ။ သူအား မတွေ့ကြသော သူအား ချောင်းဟန့်ပြလိုက်သည်။ဖုန်းကျန့် က ကျင့်မင်ကို ဂရုမထားပေ။
" အမှန် က အားလုံးက ငါ တောင်းပန်ရမှာ
ခုကစပြီး တစ်ယောက် နဲ့ တစ်ယောက်
မတောင်းပန်ကြေး ၊ ကျေးဇူးမတင်ကြေး ဟုတ်ပြီလား "မင်းကြီး မှာ တကယ့်ကို ရိုးရိုး အအ ပုံစံ ကလေးဖြင့် ပြောလာသည်။
![](https://img.wattpad.com/cover/235904601-288-k246883.jpg)
YOU ARE READING
Life Of A King And His Destiny (BL)(Own Creation)
Fantasyသူက ငါ့နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတဲ့ မြှားတစ်စင်း လိုပဲ မင်းသာ အဲ့မြှားကို ငါ့နှလုံးသားထဲကနေ ဆွဲထုတ်လိုက်ရင် ငါ ဆက်ပြီး ရှင်သန်နိုင်မယ် မထင်ဘူး