အပိုင်း ၁၂

54 13 0
                                    

( Zawgyi Version)

မင်းကြီး စဉ်းစားခန်း ဖွင့်ရတော့သည်။

' ဘာကို ဆိုလိုတာလဲ စစ်သူကြီးမု က ငါ့ကို ဘာတောင်းမှာမို့ ငြင်းခိုင်းတာလဲ စစ်သူကြီးမု ​တောင်းဆိုတာကို 'ငါ ဘာမဆို လိုက်လျောပေးမယ် 'လို့ ဒီမနက်လေးတင်မှ လက်ခံထားတာ ငါ့ကတိ ပျက်လို့ မဖြစ်ဘူး '

" ယွီပင်း အသေးစိတ် ပြောပြပါလား "

ယွီပင်း သည် မင်းကြီးကို သနားစဖွယ် ကြည့်လျက် ဖုန်းကျန့် နှင့် ကျင့်မင် ကိုလည်း တစ်ယောက်ချင်းဆီ အကြည့်ပို့လိုက်သည်။

မင်းကြီးသည် ယွီပင်းကို နားလည်၍ ကျင့်မင် ကို အချက်ပြပြီး ဖုန်းကျန့် ကို ခေါ် ပြီး ထွက်သွားခိုင်းရသည်။

" ပြောပြလို့ ရပြီလား "

ယွီပင်းမှာ မျက်ရည်စများ ကို လက်ခုံဖြင့် သုတ်ပြီး ပြောသည်။

" စစ်သူကြီးမု က ကျွန်တော့်ကို အနိုင်ကျင့်တယ်
ကျွန်တော့်ကို လက်ထပ်ဖို့ မင်းကြီးဆီ တောင်းရမ်းမယ်တဲ့ မင်းကြီး သူဘာပြောပြော လက်မခံပါနဲ့ မင်းကြီးပဲ စဉ်းစား ကြည့်လေ ယောကျာ်း လေး ​အချင်းချင်း ဖြစ်မှ မဖြစ်သင့်တာ
ပြီးတော့ ဒီအကြောင်းကို မင်းကြီး နဲ့ကျွန်တော်ပဲ သိထားပါရစေ ။ မင်းကြီး ကျွန်တော် ပြောတာကို လိုက်လျောပေးမယ်လို့ ​ပြောပြီးပြီနော် ငြင်းလို့မရဘူးနော်! မင်းကြီး စစ်သူကြီးမု တောင်းဆိုလာရင် လုံးဝ လုံးဝ လက်မခံပါနဲ့ "

Flash-back
ဲု
ယွီပင်းသည် နန်းတော် ထဲ ရောက်စ ပထမရက်တွင်
နန်းတွင်းထဲ တွင် လှည့်လည်ကြည့်ရှုနေသည်။ ထိုချိန် စစ်သူကြီး မု မှာ သူ့ကို လာရောက် စကားပြောသည်။ သူ့ကို ကျင့်မင် နှင့်အတူ အပြင်တွင် ခဏခဏ တွေ့၍ အရင်ကတည်းက သိကြောင်း ပြောသည်။ စစ်သူကြီးမု မှာ
သူ့အကြောင်း ကို သေချာ စုံစမ်းထားဟန် အကုန်လုံး သိနေသည်။

ယွီပင်းသည် အသက်ကြီးသူက လာရောက်စကားပြော၍ ဖော်ဖော်ရွေရွေ နှုတ်ဆက် ပြောဆိုသည်။ စစ်သူကြီးမု မှာ သူ့ကို ခင်မင် သည့်အနေဖြင့် သူ့အိမ်တွင် သွားရောက်စားသောက်ရန် ခေါ်သည်။ ထို့ကြောင့် ယွီပင်း သည် နက်ဖြန် သွားရန် လက်ခံလိုက်သည်။

Life Of A King And His Destiny (BL)(Own Creation) Where stories live. Discover now