အပိုင်း ၂၂

48 9 0
                                    

( Zawgyi Version)

ချန်ဇီရွယ်သည် သံအမတ် ကြီးက သူ့ကို ရွီးမုလန်နှင့် ပတ်သတ်၍ စေခိုင်းထားသည်ကို လုပ်ဆောင်နေခြင်း။မုလန်က မီးဖိုဆောင် တွင် တာဝန်ကျနေကြောင်း စုံစမ်း သိရ၍ လာကြည့်ခြင်းဖြစ်သည်။

ဖုန်းကျန့် မီးဖိုဆောင် မှ ထွက်လာတော့ သူ ထိုမိန်းကလေးကို မြင်ဖူးသလိုလို ဖြစ်နေသည်။
သူ ရန်သို့ ထွက်လာစဉ် တွင် မည်သူနှင့်မှ များများစားစား မတွေ့ခဲ့ပေ။ သူ အလွယ်တကူပင် စဉ်းစား၍ရသွားသည်။ သူမသည် သူ့နောက်ကို လိုက်ပြီး ငွေတောင်းခဲ့သော အရူးတစ်ယောက်နှင့်တူသည်။ မိန်းကလေး နှင့် ယောကျာ်း လေး ကွဲပြားနေရုံသာ။ သူ တိတိကျကျ
သိရှိနိုင်ရန် ဖုန်းကျန့် နောက်ကို တိတ်တဆိတ် လိုက်သွားသည်။

ရေကန်စပ်နား ရောက်တော့ ဟိုကြည့်သည်ကြည့် လှည့်ကြည့်နေသည်။ ပြီးမှ သူမ အဝတ်စားတွေကို ချွတ်သည်။ ထို့ကြောင့် လူအများ မသိ​စေရန် တိတ်တဆိတ် ရေလာချိုးခြင်းပင်။ ထိုအကြောင်းများ ကြောင့် ချန်ဇီရွယ်သည်
ဖုန်းကျန့် က မိန်းကလေး ဟန်ဆောင်ထားမှန်း အတပ်သိလိုက်သည်။

ထိုစဉ် သူ့နောက်မှ အေးစက်နေသော အသံကို ကြားလိုက်ရသည်။ သူသည် ဖုန်းကျန့် ကိုပဲ အာရုံ ရောက်နေ၍ သူ့နောက်ကို လူ လိုက်လာမှန်း သတိမထားမိခဲ့ပေ။ ထိုသူက ဖုန်းကျန့် ဘေးတွင် ရပ်လိုက်ပြီး ထပ်မေးလာသည်။

" ငါမေးနေတယ် မင်း ဒီကို ဘာလာလုပ်တာလဲ
မင်း ဘာလို့ သူမနောက် တိုးတိုးတိတ်တိတ် လိုက်လာတာလဲ "

ချန်ဇီရွယ်၏ နှုတ်ခမ်းစွန်းမှာ မြှင့်တက်သွားလျက်။

"ကျွန်တော် က သူမနဲ့ ကိစ္စရှိလို့ပါ "

ဖုန်းကျန့် ထိုလူ့အပြောကြောင့် ရင်ထဲ ဆောင့်ခနဲတုန်လှုပ် သွားရသည်။

ဖုန်းကျန့် နှင့် မင်းကြီး အကြည့်ချင်း ဆုံ သွားကြသည်။

ဖုန်းကျန့် က မင်းကြီးကို ခေါင်းရမ်းပြ လိုက်သည်။

မင်းကြီးသည် ဖုန်းကျန့် ကို သူ့နောက်ပို့လျက် ။

" မင်းက အရင်ရက်ကမှ ရောက်လာတဲ့ ချန်ဇီရွယ် မလား နောက်တစ်ခါ ငါ့မိန်းကလေးကို
ထိပါး နှောင့်ယှက်ရင်
မလွယ်ဘူးမှတ် သံအမတ် ကြီး မျက်နှာ ကြောင့် မင်းကို လွှတ်ပေးလိုက်မယ် "

Life Of A King And His Destiny (BL)(Own Creation) Where stories live. Discover now