အပိုင်း ၃၁

40 8 0
                                    

( Zawgyi Version )

ဖုန်းကျန့် မင်းကြီးနန်ဆောင် နား ရောက်တော့ ချန်ချင်း ကို တွေ့သည်။ ချန်ချင်း က ယွီဟန်​နောက် တကောက်ကောက် လိုက်ပြီး တစ်ခုခု ပြောနေဟန်။

ယွီဟန် က ချန်ချင်း ကို အရမ်းကြီး ရှောင်နေသည်မှာ ဘေးကလူပင် ခန့်မှန်းသိရသည်အထိ။ တစ်ဦး နှင့် တစ်ဦးက ခွေးနှင့်ကြောင်လို မျိုး ပြေးလိုက်နေကြသလို ။

ဖုန်းကျန့် ချန်ချင်း ကို လှမ်းခေါ်လိုက်သည်။

ချန်ချင်း က လှည့်ကြည့်လာပြီး
" ခေါင်းဆောင် "

ဖုန်းကျန့် က ပြောသည်။

" ချန်ချင်း ဟန်သခင်လေး ကို တွေ့သေးလား "

ချန်ချင်း ကပြောလာသည်။

" မတွေ့ဘူး "

ယွီဟန် က ချန်ချင်း နဲ့ နှစ်ယောက်တည်း ရှိတုန်းက သူက ရှောင်ပြေးနေပြီး ဖုန်းကျန့် ရောက်လာတော့
သူက ဖုန်းကျန့် ကို စူးစိုက်ကြည့်နေသည်။

ဖုန်းကျန့် က လည်း ယွီဟန် ကို အကြည့်ရောက်သော် ချန်ချင်း က မိတ်ဆက်ပေးသည်။

" အရင်ကလည်း အချင်းချင်း သိပြီးသား ဆိုပေမယ့်လည်း ပိုပြီးရင်းနှီးသွားအောင် ကျွန်တော် မိတ်ဆက်ပေးမယ်

ယွီဟန်လေး ဒီက ငါရဲ့ ခေါင်းဆောင် ဖုန်..အာ..
မုလန်တဲ့

ခေါင်းဆောင်လည်း သိတယ်မလား မင်းကြီးကိုယ်တိုင် ကောင်းချီးပေးထားတဲ့ စုံတွဲလေးရဲ့ အစ်ကိုလေ "

ထို့နောက် ပြုံးရယ်ရင်း ထပ်ပြောလာသည်။

" ခေါင်းဆောင် ကြည့်ထား ကျွန်တော်တို့နှစ်ယောက်က
ဒုတိယ စုံတွဲ ဖြစ်လာမှာ "

ချန်ချင်း က ယောက်ျားလေး အချင်းချင်း စုံတွဲကို လွယ်လင့်တကူ ထုတ်ပြောလာသည့်အတွက်
ဖုန်းကျန့် ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
လက်တွေ့မှာ ထိုသို့ ဖြစ်နိုင်ဖို့ရာ ခက်ခဲသည်မဟုတ်လား ။ သူကိုယ်တိုင် တောင် ဘေးကြပ်နံကြပ် ဖြစ်နေရသည့်ကြားထဲ ချန်ချင်း က ဘာမှ မဟုတ်သည့်နှယ် ပြောလာသည်။

ဖုန်းကျန့် ကတော့ ကြည့်ထားမယ် ဟုသာ ပြောလိုက်သည်။

ယွီဟန် မှာတော့ မျက်နှာတစ်ချက်ညိုးသွားသည်။ သူ ​ဘေးက ဖုန်းကျန့် ကို ဂရုမစိုက် တော့နိုင်ဘဲ
ချန်ချင်း ကို နားရွက် ဆွဲတော့သည်။

Life Of A King And His Destiny (BL)(Own Creation) Where stories live. Discover now