( Zawgyi Version)
မင်းကြီး မှာ ထိုနေ့ကစပြီး ကျင့်မင်ကို သူ့အကြောင်း အလုံးစုံအား ဖွင့်ဟပြောပြလိုက်သည်။ ကျင့်မင် မှာ စစချင်းမှာ မယုံသလို ဖြစ်လျက် နောက်ပိုင်း ကျတော့လည်း ယုံကြည်ရသည်။
ကျင့်မင် က သူနန်းစွန့်နိုင်ဖို့အရေး အားသွန်ခွန်စိုက် ကူညီပေးသည်။
ကျင့်မင် က ပြောသည်။
" ဇီချန် သံအမတ်ကြီးက သူပုန်တွေကို ဦးဆောင်တဲ့သူ ဆိုတာသေချာတယ် ။ အခုတလော
သူပုန်တပ်တွေ မြို့ထဲမှာ ပိုများလာတယ် ကြည့်ရတာ မင်း မွေးနေ့ပွဲမှာ စပြီး ပုန်ကန်လောက်တယ် "" ကောင်းတယ် အဲ့နေ့မှာ အားလုံး အဆုံးသတ်ကြမယ် ကျင့်မင် မင်းက စစ်သူကြီး မု
ဖွဲ့ပေးထားတဲ့ စစ်တပ်ကို မင်းက ဦးဆောင်လိုက်
စစ်သူကြီး မု က အဲ့နေ့ နန်းတွင်းထဲမှာ ဦးဆောင်မယ် ၊ မင်းက နန်းပြင်ကနေ စောင့်နေ ။
ငါခေါ်မှ မင်း လိုက်ဝင်ခဲ့ "မင်းကြီး သူ့မွေးနေ့ပွဲ၌ ဖြစ်ပျက်မည့် အရာအားလုံး ကို ကြိုတင်မှန်းဆထားမိပြီဖြစ်၍ ကြိုတင်ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။
ကျန်နေသော တစ်ခု မှာ ဖုန်းကျန့် ကို နန်းပြင်သို့ မည်သို့ လွှတ်ရမည်နည်း ။ဖုန်းကျန့် က သူ့အား ချစ်နေသည်ဟု မှန်းဆမိသော်လည်း အဘယ်ကြောင့် ဖုန်းကျန့် က ရှောင်နေရသနည်း ။ သူ မေးလည်း မမေးရဲပေ။
............
ဖုန်းကျန့် ကျင့်ရှီနှင့် တွေ့ပြီး နောက်ပိုင်း မင်းကြီး ကို ပိုပိုမုန်းလာရသည်။ ကျင့်ရှီက မင်းကြီး စာကြည့်ဆောင် ကို လာသည်ဆိုတော့ သူက မင်းကြီး လက်အောက်ကပင် ဖြစ်မည်။
ဖုန်းကျန့် မင်းကြီးမွေးနေ့ပွဲ ကျင်းပမယ့်နေ့ကို စောင့်မျှော်လျက် သူ့ ပန်းတိုင်ဆီသို့ လျှောက်လှမ်းလျက်။
ဖုန်းကျန့် ရွီရင်း အား စောင့်ရှောက်ပေးရန် ချန်ချင်းအား အပ်နှံခဲ့လိုက်သည်။
ကြားထဲ၌ မင်းကြီးနှင့် အနေနီးသော သူချစ်ရသော သခင်လေး အန္တာရယ် ဖြစ်မည်ကို စိုးရိမ်လျက်။
YOU ARE READING
Life Of A King And His Destiny (BL)(Own Creation)
Fantasiaသူက ငါ့နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတဲ့ မြှားတစ်စင်း လိုပဲ မင်းသာ အဲ့မြှားကို ငါ့နှလုံးသားထဲကနေ ဆွဲထုတ်လိုက်ရင် ငါ ဆက်ပြီး ရှင်သန်နိုင်မယ် မထင်ဘူး