(Zawgyi Version)
ယွီကွမ်းယောင် မှာ မယ်တော် ဟွမ်မိုရူ ကို
ဓားဖြင့် တစ်ချက်ခုတ်လိုက်သည်။
သူ၏ ပါးပြင်ပေါ်တွင် နီနီရဲရဲ သွေးများ စွန်းပေလျက်။" အားးးး "
မယ်တော် ဟွမ်မိုရူ သည် ညာဖက်လက်ပြတ်သွား၍ စူးရှစွာ အော်လေသည်။" ခင်ဗျား ကြောင့် ကျုပ်ခမည်းတော်နဲ့ မယ်တော် သေရတာ ခင်ဗျား ကလေးအရွယ်လောက်ပဲရှိသေးတဲ့ ငါ့ကိုတောင် သတ်ဖို့ကြိုးစားခဲ့တယ် ခင်ဗျား လူစိတ်မရှိတဲ့သူ
အေး..ငါလည်း မင်းလို မျိုး သွေးအေးအေးနဲ့ ခင်ဗျားရဲ့သားကို ခင်ဗျားရှေ့မှာ ရက်ရက်စက်စက် သတ်ပြမယ် ခင်ဗျား သေသေချာချာလေး ကြည့်ထား ။ သူခုလိုဖြစ်ရတာက ခင်ဗျား ရဲ့အပြစ်ပဲ။ ခင်ဗျားရဲ့သား ဖြစ်နေရလို့ သူခုလို ဖြစ်ရတာ! "မယ်တော် ဟွမ်မိုရူ သည် ကျန်ရှိနေသော လက်ကို မြောက်ပြီး အော်ဟစ်တောင်းပန်တော့သည်။
" ငါ့ကိုပဲသတ်လိုက်ပါ သူနဲ့ ဘာမှမဆိုင်ဘူး ငါ့သားက သေသွားတာ ကြာပြီ သူ့ကို လွှတ်ငြိမ်းခွင့်ပေးလိုက်ပါ ဒီတစ်လျှောက်လုံး သူငါ့ဆီမှာ နေရတာ ပင်ပန်းနေပြီ သူ့ အသက်ကို ချမ်းသာပေးပါ တောင်းဆိုပါတယ်
ငါ့သားဆုံးကတည်းက ငါလည်း နောင်တတွေနဲ့ ရှင်သန်နေခဲ့တာပါ ငါ့ကိုပဲ အဆုံးသတ်လိုက်ပါတော့ အရာအားလုံး အတွက် တောင်းပန်ပါတယ် "ယွီကွမ်းယောင် က လှောင်ထေ့ရယ်မောပြီး ပြောသည်။
" သူ့ကို ကယ်တင်ပေးတဲ့ နည်းလမ်းကအရမ်းကို ထက်မြတ် လှပါတယ် ဒါပေမယ့် ခင်ဗျား ပြောတဲ့ နည်းလမ်း က ကျုပ် အတွက် အသုံးမဝင်ဘူး "
ယွီကွမ်းယောင် သွေးများစွန်းနေသော ဓားဖြင့်
ရယ်မောကာ မင်းကြီးဆီ သို့ ဦးတည်လာလျက်။"ဟား..ဟားးးး... ဟား "
မင်းကြီးသည် ယွီကွမ်းယောင် ကို စူးရှသော မျက်ဝန်း များဖြင့် အကြည့်ချင်း ဆုံလိုက်သည်။
" ငါ့ကိုသတ်ပြီး ထီးနန်း ကို သိမ်းလိုက်ပါ ဒါပေမယ့်
မယ်တော် နဲ့ မုလန်ကိုတော့ ကျေးဇူး ပြုပြီး တော့ လွှတ်ငြိမ်းချမ်းသာခွင့်ပေးပါ အရာအားလုံးအတွက် ငါ့ကိုပဲ အပြစ်တင် လိုက်ပါ "
YOU ARE READING
Life Of A King And His Destiny (BL)(Own Creation)
Fantasiသူက ငါ့နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတဲ့ မြှားတစ်စင်း လိုပဲ မင်းသာ အဲ့မြှားကို ငါ့နှလုံးသားထဲကနေ ဆွဲထုတ်လိုက်ရင် ငါ ဆက်ပြီး ရှင်သန်နိုင်မယ် မထင်ဘူး