အပိုင်း ၂၃

43 10 0
                                    

( Zawgyi Versions)

သံအမတ်ကြီးနန်းဆောင်

သံအမတ်ကြီးသည် သေရည် ခွက်ကို စားပွဲပေါ် သို့ ခွက်ခနဲ မြည်အောင် ချ လျက် ။

" ဘာ သူက မိန်းကလေး မဟုတ်ဘူး "

ချန်ဇီရွယ် က ဖြေသည်။

" ဟုတ်ပါတယ် "

သံအမတ် သည် စားပွဲပေါ် ကို လက်ခေါက်လျက်။

" သူက တစ်ခုခုတော့ တစ်ခုခု ပဲ "

...........

မင်းကြီးနန်းဆောင် ထဲတွင် ကျင့်မင် နှင့် မင်းကြီး နှစ်ယောက် တည်း တစ်ယောက် နှင့် တစ်ယောက် အတွေးကိုယ်စီဖြင့် ငြိမ်သက် တိတ်ဆိတ် နေကြသည်။

မင်းကြီးသည် ခါတိုင်း နှင့်မတူ မျက်နှာမကောင်းဖြစ်နေသော ကျင့်မင် ကို သတိထားမိတော့ မေးလိုက်သည်။

" ကျင့်မင် နေမကောင်းလို့လား? "

"....."

" ကျင့်မင်.. "

" ဟမ် "

မင်းကြီး က ထပ်မံ မေးလိုက်သည်။

" နေမကောင်းဘူးလား ?ဘာတွေတွေးနေတာလဲ ?"

ကျင့်မင် က နွမ်းနွမ်းလျလျ ပြန်ဖြေသည်။

" ဪ.. အင်း ..ယွီပင်း ဘယ်မှာ ရှိနေမလဲလို့ စဉ်းစားနေတာ
ဒါနဲ့ နက္ခတ်ဗေဒင် ဆရာ က နယ်ဘက်ကို ရောက်နေတာတဲ့ နက်ဖြန်တွေ့လို့ ရအောင် စီစဉ်ပေးလိုက်မယ် "

မင်းကြီးက မူမမှန်သော ကျင့်မင် ကို ထပ်မေးလိုက်သည်။

" ကျင့်မင် နေမကောင်းဘူးလား မျက်နှာလည်းမကောင်းဘူး
မင်းဒီနေ့ ငါ့ကို မစောင့်ပေးနဲ့တော့
စောစောပြန်ပြီး အနားယူလိုက်တော့ "

ကျင့်မင် က မင်းကြီးကို မကြည့်ဘဲ မျက်လွှာချလျက် ။

" ဒါပေမယ့် မင်းတစ်တည်းဖြစ်နေမှာပေါ့ "

မင်းကြီးက ပြောသည်။

" ငါက ကလေးမို့လား တစ်ယောက်တည်း မနေရဲရအောင် "

ကျင့်မင် က မျက်လွှာပင့်လာပြီး ထပ်မံ ရှင်းပြသည်။

" မဟုတ်ဘူး ငါ က အဆင်ပြေတယ် မင်းတစ်ယောက်တည်းဆိုရင် အိပ်လည်းမအိပ်နိုင်ဘဲ ပျင်းနေမှာပေါ့ ပြီးတော့ မင်းမအိပ်ရတာ သုံး ၊ လေး ရက်လောက် ရှိနေပြီလေ မင်းလည်း ပင်ပန်းနေမှာပေါ့ "

Life Of A King And His Destiny (BL)(Own Creation) Where stories live. Discover now