"အဖိုး...နိုးပြီးလား...
သားမနက်စာပြင်ပြီးပြီ...""အင်း...
ပြည့်လျှံ...မြေးလေး...မနေ့က ကိစ္စကို...စိတ်ထဲမထားနဲ့နော်...""ဟုတ်ကဲ့ပါ...အဖိုး...
သြော်...အဖိုး...မနက်က...ကြီးမြနဲ့ဦးပုတို့...ပြန်ရောက်ပါပြီး..."
"သြော်...ဟုတ်လား...
သူတို့ရော...ရွာပြန်သွားတာ...အဆင်ပြေရဲ့လား...""ပြေတယ်လို့ပြောပါတယ်...အဖိုး..."
"အေးကွယ်...၁ပတ် ၁၀ရက်လောက်နေပါဆိုတာကို..."
"ဟိုမှာလည်း...ဘာမှလုပ်စရာမရှိတော့...စောစောပြန်လာတာလို့...ပြောပါတယ်..အဖိုး"
ထိုအချိန်..ထမင်းစားအခန်းထဲကို...ဝင်လာတဲ့....ကိုဘုန်း..
"Morning! ဖိုးဖိုး.."
"အင်း...Morning!"
ကြည့်ရတာမနေ့က ကိစ္စကို...စိတ်ဆိုးမပြေသေးဘူးထင်တယ်...
"ကျွန်တော်ဒီနေ့..ကုမ္ပဏီ သွားမယ်လို့..ပြောထားတယ်လ...ဖိုးဖိုး...
အဲ့တာ...ဖိုးဖိုးရောလိုက်မှာလား...""ငါမလိုက်တော့ဘူး...မောင်မင်းမြတ်ကို...ခေါ်ထားတယ်...သူနဲ့လိုက်သွား..."
"ဟုတ်ကဲ့...ဖိုးဖိုး..."
အရှေ့ကိုကြည့်လိုက်တော့...တစ်ခွန်းမှ...ဝင်မပြောဘဲ...မနက်စာကို ငုံ့စားနေတဲ့...အသေးလေး...ကျွန်တော်လည်း စားစရာရှိတာကို...စားလိုက်ပြီး...မင်းမြတ်လာတာကို...စောင့်နေလိုက်တယ်...။
မင်းမြတ်နဲ့ကျွန်တော်က..ငယ်ငယ်ထဲက..ပေါင်းလာတဲ့..သူငယ်ချင်းတွေ..။သူ့အကြောင်းကိုယ်သိ..ကိုယ့်အကြောင့်သူသိ...အတွင်းသိ အစင်းသိတွေ..။ မင်းမြတ်က..ဖိုးဖိုးရဲ့ရှေ့နေဖြစ်သလို...companyမှာလည်း ရှယ်ယာဝင်တစ်ယောက်လည်းဖြစ်တယ်...။ အဲတာကြောင့်..ဖိုးဖိုးက..companyကိစ္စတွေကို...မင်းမြတ်နဲ့...လွှဲထားပြီး..အရေးကြီးတဲ့ကိစ္စတွေရှိမှသာ..companyကို..သွားတယ်..။
အဲ့လို့လွှတ်ထားလို့...companyအကြောင်းတွေ..သူမသိဘူးဆိုပြီး..မထင်လိုက်နဲ့...companyမှာ သူ့လူယုံတွေက.. အများကြီးပဲ..ဘာကိစ္စပဲဖြစ်ဖြစ်..ဖိုးဖိုးကို အရင်ဆုံးလာပြောကြတယ်...မင်းမြတ်ကအစ...
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌