//ထွန်းတောက်ဘုန်း
အခုတော့ မင်းအလှည့်ရောက်လာပြီပေါ့
မင်းရဲ့ယောက်ျားလေးက ငါ့ဆီမှာ
ငါ့မိသားစုပြိုကွဲသလို မင်းတို့မိသားစုလည်းပြိုကွဲစေရမယ်//"ကျစ်....တောက်..."
"ဘယ်သူပို့တာလဲ?..ထွန်းတောက်.."
"အသေးလေးက ပြန်ပေးဆွဲခံရတာ..."
"ဟမ်.."
"ဟုတ်တယ် ဖိုးဖိုး...
ကျွန်တော့်ကိုမကျေနပ်တဲ့သူတစ်ယောက်က အသေးလေးကိုဖမ်းခေါ်သွားတာ..""အဲ့တာဘယ်သူလဲ မင်းသိလား.."
"မသိဘူး ဖိုးဖိုး..."
"ဘယ်လိုလူမျိုးက ငါတို့မိသားစုကို ဒီလိုလုပ်ရဲတာလဲ?..."
"စိတ်လျော့ပါ ဖိုးဖိုး...
ကျွန်တော်လည်း အသေးလေးကိုအထိခိုက်မခံနိုင်ပါဘူး ဖိုးဖိုး..."ခနကြာတော့..ကျွန်တော်ဖုန်းလှမ်းဆက်ထားလို့ မင်းမြတ်ကရောက်လာတယ်..။ မင်းမြတ်ရဲ့အနောက်ကနေ လင်းရှိန်သာပါ ပါလာတယ်..။
"သူက ဘာလို့ပါလာတာလဲ?.."
"ငါလည်း လွန်းပျောက်နေတယ်ဆိုလို့ ဝိုင်းရှာမလို့လေ..."
"ကျစ်..."
"ထွန်းတောက်ရာ...မင်းကလည်း...
လင်းရှိန်သာပါ ပါတော့..ငါတို့လူများပြီး ပိုရှာလို့ကောင်းတာပေါ့..""ပြီးရောကွာ..."
"အခုငါတို့ဘယ်ကိုအရင်သွားမလဲ?..."
"လမ်းထိပ်က martကိုအရင်သွားမယ်...
CCTVများတပ်ထားလို့..""အေး..အဲ့တာဆို သွားကြမယ်လေ..."
"အေး...ဖိုးဖိုး ကျွန်တော်တို့သွားလိုက်ဦးမယ်နော်...
သားတို့ကိုတော့ ဖိုးဖိုးပဲ ကြည့်ထားပေးပါ...""အေးအေး..ဂရုစိုက်ပြီးသွားကြ..."
......................
လမ်းထိပ်ကmartကိုသွားမေးတော့..ကံကောင်းစွာနဲ့ပဲ..CCTVတပ်ထားတယ်..။ CCTVကိုကြည့်ကြည့်တော့..martထဲက ထွက်လာတဲာအသေးလေးရံ့အနားကို ကားတစ်စီးရပ်လာကာ..လူတစ်ယောက်က အသေးလေးကိုတိုးတိုး တိုးတိုးပြောပြီး..ကားပေါ်ကိုခေါ်တင်သွားတယ်..။
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌