Ringing....Ringing....
"Hello!..အသေးလေး..."
"ဟုတ်...ကိုဘုန်း..."
"အသေးလေး..အခု ကိုယ့်ကို အံဆွဲထဲက ဖိုင်လေးလာပို့ပေးပါလား..."
"companyကိုလား..."
"အင်း...ဟုတ်တယ်..."
"ဟုတ်...ကျွန်တော်လာပို့ပေးမယ်..."
"အင်းအင်း...ကျေးဇူးနော်...
အဲ့တာဆို..ကိုယ်ဖုန်းချလိုက်တော့မယ်နော်...""ဟုတ်..." လို့ ပြန်ဖြေလိုက်ပြီး...ကျွန်တော်အဝတ်အစားအမြန်လဲလိုက်ပြီး...အံဆွဲထဲက ဖိုင်ကိုယူလိုက်ပြီး..အောက်ကိုဆင်းလာခဲ့လိုက်တယ်..။
အောက်ရောက်တော့..အဖိုးကိုနှုတ်ဆက်ပြီး taxiငှားပြီး companyကိုထွက်လာခဲ့လိုက်တယ်..။ အရင်က အဖိုးနဲ့အတူ ခနခနရောက်ဖြစ်ပေမဲ့..အခုမရောက်ဖြစ်တာတောင် နည်းနည်းကြာနေပြီ...။
companyရောက်တော့..ကျွန်တော်အရင်က companyရောက်ဖြစ်ခဲ့တုန်းက သိခဲ့တဲ့ အကိုတွေအမတွေက..နှုတ်ဆက်နေလို့ စကားပြန်ပြောပြီးတော့..ကိုဘုန်းရှိတဲ့ အခန်းဆီတက်လာခဲ့လိုက်တယ်..။
ကိုဘုန်းရဲ့ရုံးခန်းရှေ့ရောက်တော့...မသ်ီတာကို တွေ့ရတယ်..။
"ဟာ...ပြည့်လျှံ...Bossဆီလာတာလား..."
"ဟုတ်...မသီတာ...
ဒီဖိုင်လာပို့ခိုင်းလို့..." လို့ ပြန်ပြောပြီး ဖိုင်ကိုထောင်ပြလိုက်တယ်...။"ကိုဘုန်း...အထဲမှာရှိလား..."
"မရှိဘူး..ပြည့်လျှံရဲ့...
mallမှာပြသနာရှိလို့ သွားတယ်...""သြော်...ဟုတ်လား...
အဲ့တာဆို...ဒါကို...""ရုံးခန်းထဲမှာ..စောင့်နေလိုက်လေ...
Bossပြန်လာခါနီးနေပြီ...""ဟုတ်..."
"အမ ကော်ဖီလာပို့ပေးမယ်နော်..."
"ဟုတ်...ကျေးဇူး..." လို့ မသီတာကို ပြန်ပြောလိုက်ပြီး..ရုံးခန်းထဲကိုဝင်လိုက်ပြီး ဆိုဖာပေါ်မှာထိုင်ပြီး...စောင့်နေလိုက်တယ်...။
ခနကြာတော့..မသီတာက ကော်ဖီလာချပေးတယ်..
"ပြည့်လျှံ တစ်ခုခုလိုရင်...အပြင်မှာ အမရှိတယ်နော်.."
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌