"ဟူး.....ပြီးပြီ..
နောက်ဆုံးတော့ ငါအိမ်ထောင်သည်ဖြစ်လာခဲ့ပြီ...ဟူး....."dinnerပွဲပြီးလို့...ကုတင်ပေါ်မှာ ကျွန်တော်ကထိုင်နေရင်း...အနောက်လှဲချလာပြီး စကားတွေပြောနေတဲ့ ကိုဘုန်း..အရက်နံ့ကတော့ နည်းနည်းရပေမဲ့ မူးနေတာတော့ မဟုတ်ဘူး...
"အသေးလေး...မင်းနဲ့ငါနဲ့က အခုကစပြီး လင်ခင်ပွန်းတွေ ဖြစ်သွားပြီးဆိုတော့...
တစ်ယောက်နဲ့တစ်ယောက်သင့်သင့်မြတ်မြတ်နေကြတာပေါ့..
မင်းကအဲ့ဘက်မှာအိပ် ငါကဒီဘက်မှာအိပ်မယ်...ယောက်ျားလေးအချင်းချင်းပဲကွာ..ဘာမှမဖြစ်ဘူး...""ကျွန်တော်ကလည်း ဘာမှမပြောပါဘူး...
အလယ်မှာ ခွခေါင်းအုံးနဲ့ခြားထားလိုက်...""ကောင်းတယ်...အဲ့တာဆို ကိုယ်တို့အဆင်ပြေပြီနော်..."
"အင်း..."
"မင်းအရင်ရေချိုးခန်းဝင်မလား...
ကိုယ်အရင်ဝင်ရမလား...""ကိုဘုန်း အရင်ဝင်..."
"ကောင်းပြီ..." ဆိုပြီး..ကိုဘုန်းက အဝတ်အစားတွေချွတ်ကာ..ရေချိုးခန်းထဲဝင်သွားတယ်..
ကျွန်တော်လည်း ကုတင်ပေါ်ပက်လက်လှန်ချလိုက်ကာ...အသက်ကိုရှူထုတ်လိုက်တယ်...
ခနကြာတော့...အောက်ပိုင်းကို သဘက်ပတ်ပြီးထွက်လာတဲ့ ကိုဘုန်း
"အသေးလေး...ဝင်လို့ရပြီ..."
"ဟုတ်..."
ဗီရိုထဲက ညအိပ်ဝတ်စုံကိုထုတ်ကာ...ရေချိုးခန်းထဲ ဝင်လိုက်တယ်..။ အပြင်မှာတော့ မလဲပါဘူး ရှက်စရာကြီး...ယောက်ျားချင်းဆိုပေမယ့်လဲ ကျွန်တော်ရှက်တယ်...
ကျွန်တော်ရေချိုးခန်းထဲက ထွက်လာတော့...ကိုဘုန်းက ကုတင်ပေါ်ထိုင်ပြီး ဆံပင်သုတ်နေတယ်..ကျွန်တော်လည်း ကုတင်ပေါ်ထိုင်လိုက်တော့...
"အသေးလေး...ငါ့ကို dryerနဲ့ဆံပင်ကို လာမှုတ်ပေးဦး..."
စပြီ...လူကို ဘယ်လိုခိုင်းရမလဲပဲ စဉ်းစားနေသလားလို့တောင် တွေးမိတယ်...
"လာလေ...မင်းကမလုပ်ပေးချင်ဘူးလား...
ကိုယ်က မင်းယောက်ျားဖြစ်နေပြီနော်..."
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌