"အမြွာ၂ကောင် ကိုယ့်အခန်းကို မပြန်သေးဘူးလား..."
"ဖေဖေကလည်း ရုပ်ရှင်မှမပြီးသေးတာ...
ပြီးရင်ပြန်မှာပေါ့...ဟွန့်.." ဆိုပြီး သားကြီးက နှာခေါင်းရှုံကာ ကိုဘုန်းကို ပြန်ပြောလာတယ်..။ သားငယ်ကတော့ သူနေနေကျအတိုင်း မမှိတ်မသုန်ထိုင်ကာ TVမှာလာနေတဲ့ရုပ်ရှင်ကိုထိုင်ကြည့်နေတယ်..။"ကိုဘုန်းကလည်း..သားတွေကြည့်ပါစေ...
ဘယ်လိုဖြစ်လို့အတင်းပြန်ခိုင်းနေတာလဲ?..""အသေးလေးကလည်း..သိရက်သားနဲ့...
ပြော...အခုဘာလုပ်နေတာလဲ?..
ကိုယ့်ယောက်ျားဘေးနားမှာ အေးအေးဆေးဆေးTVထိုင်ကြည့်မယ်မရှိဘူး..""ဘာလုပ်နေရမှာလဲ?..
ကိုဘုန်းတို့သားဖ၃ယောက်ရဲ့ အဝတ်အစားတွေကို ခေါက်နေတာလေ...""မနက်ဖြန်မှ ခေါက်လည်းရတာပဲကို...
လာပါကိုယ်နဲ့အတူတူထိုင်ကြည့်ရအောင်...""ကြည့်နေတာပဲလေ..."
"အဲ့လိုမဟုတ်ဘူးလေ..ကိုယ့်ပေါင်ပေါ်မှာလာထိုင်ပြီးကြည့်ခိုင်းတာ.."
"ကိုဘုန်း သားတွေရှိနေတယ်လေ.."
"ဘာဖြစ်လဲ?...လာပါဆို..."
"ပါပါး...လာရင်လည်းလာလိုက်ပါ..
သားတို့ရုပ်ရှင်ကြည့်ရတာ ဖေဖေ့အသံနဲ့ ကောင်းကောင်းမကြည့်ရဘူး.." ဆိုပြီး စကားသိပ်မပြောတဲ့ သားငယ်က ဝင်ပြောလာတယ်..."သားငယ်နော်..."
"ဟင်း....ကိုဘုန်းကတော့နော်..." လို့ ပြောပြီး အဝတ်တွေကိုဗီရိုထဲထည့်ကာ ကျွန်တော့်အနားမှာ အသေးလေးက ထိုင်လာတယ်...
"ပေါင်ပေါ်လာပါဆို..."
"ဒီမှာပဲထိုင်မယ်...ဟာ...ကိုဘုန်း..."
ပြောလို့မှမဆုံးသေးဘူး..သူ့ပေါင်ပေါ်ပွေ့တင်လိုက်တင်လိုက်တဲ့ ကိုဘုန်းကြောင့်..သားတွေမျက်နှာပူစွာနဲ့ပဲ ရုပ်ရှင်ကိုသာထိုင်ကြည့်နေလိုက်တယ်..။ ဘေးမှာတော့ သား၂ယောက်က သူတို့ဘာသာအေးအေးဆေးဆေးထိုင်ကြည့်နေတယ်..။
တဖြည်းဖြည်းနဲ့ညောင်းလာလို့ထင်တယ်..သားတို့က ဝမ်းလျားမှောက်ပြီး ကြည့်နေကြတယ်..
အနောက်က ကိုဘုန်းကတော့..သားတွေလည်း ဝမ်းလျားမှောက်လိုက်ရော..ကျွန်တော့်ရဲ့ပခုံးကိုလိုက်နမ်းနေတယ်..။ တစ်ချက်တစ်ချက် ကိုက်လာတာကြောင့်..နာပေမဲ့လည်း သားတွေနဲ့မို့ ငြိမ်ငြိမ်သာထိုင်နေလိုက်တယ်..။
STAI LEGGENDO
MY ONLY ONE (completed)
Storie d'amoreမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌