Part-36(Uni)

18.6K 1.1K 22
                                    

"ကိုဘုန်း...သားတွေနိုးရင် မျက်နှာသစ်ပေးပြီး..
အောက်ကိုချီလာခဲ့လိုက်နော်.."

"အင်း.."

"သားတို့ကို သေချာချီလာနော်.."

"အင်း.."

"အဲ့တာဆို..ကျွန်တော်အောက်ဆင်းတော့မယ်.."

"အင်း.."

ကျွန်တော်ပြောသမျှကို..မျက်လုံးကြီးမှိတ်ကာ အင်းတစ်လုံးပဲ ပြန်ဖြေနေတဲ့ ကိုဘုန်းကို ဆက်မပြောတော့ဘဲ..အောက်ကိုသာဆင်းလာခဲ့လိုက်တယ်..။ သားဖ၃ယောက်လုံး အိပ်နေကျတာသိုးလို့..တော်တော်လေးကို အိပ်ရေးပျက်ထားကြတယ်ထင်တယ်..။

..............

အသေးလေးပြောသမျှကိုနားကကြားပေမဲ့..မျက်လုံးကမဖွင့်ချင်သေးတာမို့..အင်းတစ်လုံးသာ ပြန်ဖြေပြီး..ဆက်အိပ်နေလိုက်တယ်..။

"အင့်..."

ရုတ်တရက်ကြီး..ကျွန်တော့်ကိုယ်ပေါ်ကို ကုတ်တက်နေကြတဲ့အရာ၂ခုကြောင့်..အင့်ခနဲတောင် ဖြစ်သွားတယ်..။ ရင်ဘက်ပေါ်က အရာလေးတွေကို လက်နဲ့လိုက်စမ်းလိုက်တော့...သား၂ယောက်ဖြစ်နေတယ်..။

မျောက်လောင်းလေးတွေ ရင်ဘက်ပေါ်ကုတ်တက်ဖို့ ကြိုးစားနေကြတာပဲ..။ ကျွန်တော်လည်း ဘာမှပြန်မလုပ်ဘဲ..ဒီတိုင်းဆက်မှေးနေလိုက်တယ်..။ ရင်ဘက်ပေါ်တက်မရတော့...ခနတော့ငြိမ်သွားတယ်..။

ခနငြိမ်သွားပြီးမှ..ကျွန်တော့်အင်္ကျီကို ရင်ဘက်ပေါ်လိမ်တင်နေတာကို ခံစားရတယ်..။ ကျွန်တော်လည်း ဘာဆက်လုပ်မလဲသိချင်တာကြောင့်..ခနတော့ငြိမ်နေပေးလိုက်တယ်..။ အံမယ်..ပြီးလည်းပြီးရော ၂ယောက်လုံးကျွန်တော့်နို့စို့နေကြတာ..

"အ!..မကိုက်ရဘူးလေ.."

သူတို့က စို့ရုံတင်မကဘူး..ကိုက်ပါကိုက်ချလိုက်သေးတာ..
အဲ့တာကြောင့်ဖြစ်မယ်..ကျွန်တော့်ကို အသေးလေးက သူ့ရဲ့အဲ့နေရာကို ကိုင်ရင် နာလို့..ကျွန်တော့်ကို မကိုင်စေ့တာပေါ့...
တရားခံက..သားတို့ကြောင့်ကို...

"သားတို့က နို့ဆာနေတာလား.."

"အင်..ပေ..ပေ.." ဆိုပြီး သားကြီးလေး ကျွန်တော့်ကိုကြည့်ပြီး ပြောလာတယ်..

MY ONLY ONE (completed)Where stories live. Discover now