Part-32(Uni)

22K 1.3K 19
                                    

   အသေးလေး မီးဖွားဖို့က ရက်အနည်းငယ်ပဲလိုတော့တာမို့လို့..ကျွန်တော် companyကိုမသွားတော့ဘဲ အသေးလေးအနားမှာပဲနေကာ..မသီတာကို mailပို့ခိုင်းပြီး..အိမ်ကနေပဲ companyအလုပ်တွေကို စီမံခန့်ခွဲရတယ်..။

အသေးလေးကိုကြည့်ပြီးတော့..ကျွန်တော်အရမ်းသနားမိတယ်..။ သူ့ခမျာ..ကိုယ့်သားသမီးထိခိုက်မှာစိုးလို့..အစားအသောက်တွေလည်းရှောင်ရ..အပြင်တွေလည်း မထွက်ရဘဲ..အိမ်ထဲမှာပဲနေနေရတာ..ကျွန်တော်သာဆိုရင်လည်း..နေနိုင်မှာ မဟုတ်လောက်ဘူး..။

မီးဖွားဖို့ရက်နီးလာလေလေ..ကျွန်တော့်ရဲ့စိုးရိမ်စိတ်က ကြီးလာလေလေပဲ..။ ဖြစ်နိုင်ရင် အသေးလေးနေရာမှာ..ကျွန်တော်သာအစားဝင်ခံလိုက်ရရင်တောင်..ဒီလောက်ထိ စိုးရိမ်စိတ်က များမယ်မထင်ဘူး..။

"ကိုဘုန်း..ကိုဘုန်း.."

"အင်..အင်း...အသေးလေး..
ဘာဖြစ်လို့လဲ..."

"ကျွန်တော်အိပ်လို့မရဘူး ဖြစ်နေတယ်..
စိတ်ထဲမှာလည်း တစ်မျိုးကြီးပဲ..အိပ်လို့ကိုမရဘူး..."

"အသေးလေးမီးဖွားခါနီးလို့ ဖြစ်တာပါ...
ဘာမှ တွေးမနေနဲ့...အိပ်ပျော်အိပ်.."

"အင်း...
ကိုဘုန်းရော မအိပ်ချင်ဘူးလား.."

"ဟင်...နေ့လယ်ခင်းကြီးကို.."

"လာပါ...ကျွန်တော်နဲ့အတူတူလာအိပ်ပေးပါ..
ကျွန်တော် အိပ်လို့မပျော်လို့.."

"အင်းအင်း...ခနလေးနော်...
ကိုယ်လက်တော့ပ် ပိတ်လိုက်ဦးမယ်..."

"ဟုတ်.."

ကျွန်တော်လည်း..လက်တော့ပ်ကို ပိတ်လိုက်ပြီး..အသေးလေးရဲ့ဘေးမှာ ဝင်လှဲလိုက်တယ်..။ အသေးလေးရဲ့ခေါင်းလေးအောက်ကို..ကျွန်တော့်လက်ကို လျှိုလိုက်ပြီး..ပက်လက်လှန်အိပ်နေတဲ့ အသေးလေးရဲ့ ဆံပင်လေးကို..ဖွဖွလေးသပ်တင်ပေးလိုက်တယ်..။

ခနနေတော့..အသေးလေး မျက်လုံးစင်းလာကာ..အိပ်ပျော်သွားတယ်..။ မအိပ်ပျော်ခင် ပြောသွားတဲ့စကားကတော့..

"ကိုဘုန်းလက်မောင်းက..အိပ်ဆေးလားမသိဘူး..
ကျွန်တော်ခေါင်း ကိုဘုန်းလက်မောင်းပေါ်တင်လိုက်တာနဲ့..ကျွန်တော့်မျက်လုံးက အော်တိုစင်းလာတာ...
စင်းလာမှပေါ့..ကိုဘုန်းလက်မောင်းက ကြွက်သားတွေအများကြီးနဲ့နူးညံ့တာကို..ဟီးဟီး.." ဆိုပြီး ပြောကာ တဖြည်းဖြည်းနဲ့အိပ်မောကျသွားတဲ့ အသေးလေးကိုကြည့်ပြီး..ကျွန်တော့်မှာ အသဲယားလွန်းလို့ အသေးလေးရဲ့ပါးလေးကိုနစ်ဝင်အောင်နမ်းလိုက်ပြီး..အသေးလေးရဲ့မျက်နှာတစ်ခုလုံးကို အနမ်းမိုးတွေ ရွာသွန်းပေးလိုက်တယ်..။

MY ONLY ONE (completed)Where stories live. Discover now