"အူးဝါး.." "အူးဝါး.."
မနကစောစောစီးစီး..ကလေးတွေရဲ့ငိုသံကြောင့်..ကျွန်တော်မျက်လုံးတွေ ပွင့်လာခဲ့တယ်..။ ရင်ခွင်ထဲမှာ အိပ်နေတဲ့အသေးလေးကို..လှုပ်နှိုးလိုက်ပြီး...
"အသေးလေး..အသေးလေး...
ထပါဦး...သားတွေငိုနေကြပြီ..""ဟင့်အင်း...ကျွန်တော်ထလို့မရသေးဘူး...
ကိုဘုန်းအရင်ထပြီး ချော့သိပ်လိုက်...""ကိုယ်မှမလုပ်တတ်တာကို..အသေးလေးကလည်းကွာ..ထပါဆို..."
"ဟာ...ကိုဘုန်း!...ဘယ်လိုဖြစ်နေတာလဲ?...
ခင်ဗျားကြောင့် ကျွန်တော်ထလို့တောင်မရတော့ဘူး...ဒီမှာ နာနေရတဲ့အထဲ...
ခင်ဗျားလုပ်လို့ ကျွန်တော်အခုလိုဖြစ်တာ...
သွား...ကိုယ့်ဘာသာသွားထိန်း..."အသေးလေးရဲ့အသံအနေအထားအရ..ဘယ်လောက်ထိ စိတ်ဆိုးနေလဲဆိုတာ မှန်းလို့ရပါတယ်..
ကျွန်တော်ကလည်း ကျွန်တော်ပဲလေ..ညက အသေးလေးအပေါ် ကြမ်းမိသွားတယ်..မတတ်နိုင်ဘူး..ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ..
အိပ်ယာကနေကုန်းထလိုက်ပြီး..တွေ့ရာ ပုဆိုးတစ်ထည်ကောက်ဝတ်ကာ..သားတို့ရှိရာ ပုခက်လေးဆီ သွားလိုက်တယ်..."သားတို့ရေ..ဘာလို့ငိုနေတာလဲ...
ဖေဖေ့ဆီကို လာပါဦး.." ဆိုပြီး သားကြီးကိုလှမ်းချီလိုက်တော့..ကျွန်တော့်လက်ဖဝါးထက် ရောက်လာတဲ့အစိုဓာတ်.."အား...သေးတွေ..သေးတွေ..
အသေးလေး..သားတွေသေးထွက်နေပြီ...လုပ်ပါဦး..""ကျစ်...ကိုဘုန်းကလည်းဗျာ..
ကလေးသေးထွက်တာ အဆန်းလုပ်လို့..
မနက်တိုင်းထွက်နေကျကို..
အနှီးလဲပေးလိုက်...""ကိုယ်မှ မလဲတတ်တာ...
အသေးလေးထလဲပေးလိုက်...""ကျွန်တော်မှထလို့မရတာ...
ခင်ဗျားညက အကြမ်းပတမ်းလုပ်ထားလို့ ကျွန်တော့်တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ...
ကိုယ့်ဘာသာလုပ်ပေးလိုက်..""ဟင့်..ဟင့်..အူးဝါး..."
"အင်းအင်း..ကိုယ်လုပ်တတ်သလို လုပ်ပေးလိုက်မယ်...
သားတို့ရယ်..တိတ်ပါကွာ...
ဖေဖေအနှီးလဲပေးမယ်နော်..တိတ် တိတ်.."သားကြီးကိုအရင်းချီလိုက်ပြီး..အောက်လေးမှာ ချကာ..ဗီရိုးထဲက အနှီးတစ်ထဲကို သွားယူလိုက်ပြီး...သားကြီးရဲ့သေးစိုနေတဲ့အနှီးကို ဖယ်လိုက်ပြီး..အနှ်ီးအသစ်နဲ့လဲပေးလိုက်တယ်..။ ကလေးပေါင်ဒါလေးကို လက်ပေါ်တင်ပြ်ီး သားကြ်ီးရဲ့ဖင်လေးကို သုတ်ပေးလိုက်တယ်..။
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌