Part-38(Uni)

18.7K 1.2K 17
                                    

    ညတုန်းက..သားကြီးက အရမ်းငိုနေလို့သာ ကိုဘုန်းဆီသွားပို့ပေးလိုက်ရတာ..စိတ်ကတော့ သိပ်မချဘူးရယ်..။ သားကြီးမနေရင် ကိုဘုန်းလာပို့မှာပဲဆိုပြီး သွားမခေါ်ဘဲနေလိုက်တာ..သားငယ်ကိုချော့သိပ်ရင်း ကျွန်တော်ပါအိပ်ပျော်သွားတယ်..။ မနက်နိုးလာလို့..ဘေးကိုကြည့်လိုက်တော့မှ သားငယ်တစ်ယောက်ပဲရှိနေတယ်..။

"အာ...ညက သားကြီးကို ကိုဘုန်းဆီသွားပို့ထားမိတာပဲ.."

"ပါး...ပါး..." ဆိုပြီး သားငယ်လေးက ငုတ်တုတ်ထိုင်ပြီး ကျွန်တော့်ကိုကြည့်နေတယ်..

"ဟာ...ပါးပါးသားငယ်လေးက နိုးနေတာပဲ..."လို့ ပြောပြီး သားငယ်လေးကို ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲဝင်ကာ သားငယ်ကိုမျက်နှာသစ်ပေးလိုက်တယ်..။

သားကြီးကိုလည်းမျက်နှာသစ်ပေးရမည်မို့..သားငယ်လေးကိုချီကာ..မျက်နှာချင်းဆိုင်က အခန်းကို တံခါးခေါက်လိုက်တယ်..။

"ဒေါက်...ဒေါက်..."

"ဘယ်သူလဲ?.."

"ကျွန်တော်ပါ..."

"လာပြ်ီ...လာပြီ..."

"ချလောက်!.." ဆိုတဲ့ တံခါးဖွင့်သံနဲ့အတူ ကိုဘုန်းက သားကြီးကိုပွေ့ထားတယ်..

"ဘာကိစ္စလဲ?.."

"ဘာကိစ္စရမှာလဲ?...
ကျွန်တော့်သားကြီးကို မျက်နှာသစ်ပေးမလို့ လာခေါ်တာ.."

"ညတုန်းက..ခင်ဗျားသားဆိုပြီး မင်းပဲလာပို့သွားတာမဟုတ်ဘူးလား.."

"ခင်ဗျား!..စကားကိုကပ်ပြီးလာမပြောနဲ့.."

"ခွာပြီးပြောတာပါ.."

"ခင်ဗျား!...
ရတယ်..
ခင်ဗျားပဲ သားကြီးကိုမျက်နှာသစ်ပေးလိုက်.."

"ရတာပေါ့..." လို့ ကိုဘုန်းက ပြောတာမို့..ကျွန်တော်လည်း အောက်ဆင်းမယ်ဆိုပြီး ပြန်လှည့်တော့...

"အဟင့်...ပါး..ဟင့်...ပါး..." ဆိုပြီး သားကြီးရဲ့ငိုသံကြားတာမို့..လှည့်ကြည့်လိုက်တော့..သားကြီးက သူ့ဖေဖေဆီကနေ ကျွန်တော့်ဆီကို လက်ကမ်းနေတယ်...

"သားကလည်းကွာ..ဖေဖေနဲ့နေလေ.."

"ဟင့်...ပါး...ဟင့် ဟင့်.."

MY ONLY ONE (completed)Where stories live. Discover now