Ringing....Ringing....
"Hello!..."
"....."
"သြော်...ကြီးမြ...ပြောပါ..."
"....."
"ဗျာ....
ဟုတ်...ဟုတ်...ကျွန်တော်အခုလာခဲ့ပါ့မယ်..." လို့ပြောပြီး ဖုန်းချလိုက်ကာ..ပစ္စည်းတွေအမြန်သိမ်းပြီး...အိမ်အမြန်ပြန်ဖို့ လုပ်ရတယ်...။ရတီပြန်သွားပြ်ီးတော့...ကျွန်တော်လည်း လုပ်စရာရှိသေးတဲ့အတွက်လုပ်တွေလုပ်နေရင်း..unknown numberတစ်ခုဝင်လာလို့..ကိုင်လိုက်တော့ ကြီးမြဖြစ်နေတယ်...။
ကြီးမြအသံကလည်း ဝမ်းနည်းတဲ့အသံပေါက်နေပြီး...ကြီးမြပြောတာကတော့...အသေးလေး သူ့ရွာပြန်မလို့ လုပ်နေတယ်တဲ့..အဲ့တာကြောင့် ကျွန်တော့်ကို အမြန်ပြန်လာခဲ့ပါတဲ့...ဒီအသေးလေးကတော့ ဘာတွေလျှောက်လုပ်နေတာလဲမသိဘူး...။ ရွာကိုပြန်ရလောက်တဲ့အထိ ကျွန်တော်တို့ဖြစ်တဲ့ကိစ္စက အဲ့လောက်ထိကြီးသွားလို့လား..။ ဒီအသေးလေးကတော့..တွေ့လို့ကတော့ ဆွဲကိုက်ပြစ်ဦးမယ်..။
ကျွန်တော်လည်း...ကားကိုအမြန်မောင်းရင်း အိမ်ကိုပြန်လာခဲ့တယ်...။အိမ်ရောက်တော့...ခြံတံခါးကလည်း ဖွင့်ထားတာမို့...ကျွန်တော်လည်း ကားပေါ်ကဆင်းဆင်းချင်း အိမ်ထဲဝင်လာလိုက်တယ်...။ အိမ်ထဲရောက်တော့..ဧည့်ခန်းထဲမှာဖိုးဖိုးရယ် ကြီးမြနဲ့ဦးပုပါထိုင်နေကြတယ်..။ အကုန်လုံးက မျက်နှာမကောင်းကြဘူး..။
"ဖိုးဖိုးရော...အသေးလေးရော..."
"သွားပြီ...မရှိတော့ဘူး..."
"ဗျာ....ဘယ်သွားတာလဲ?..."
"ဘယ်သွားရမှာလဲ သူ့ရွာပြန်သွားတာပေါ့..."
"ဟာ...ဖိုးဖိုးတို့က မတားဘူးလား...
ဘာလို့သွားခွင့်ပြုလိုက်တာလဲ?...""ဘယ်လိုလုပ်တားလို့ရမှာလဲ?...
သူ့ရွာသူပြန်သွားတာလေ...
မင်းနဲ့မနေချင်လို့ ပြန်သွားတာလေ...ပြန်သွားပါစေပေါ့...
မင်းပဲ သူ့ကို ထွက်သွားခိုင်းတာမဟုတ်ဘူးလား..သူထွက်သွားပြီလေ..မင်းပျော်နေသင့်တာပေါ့...""ဟာ...ကျွန်တော်ဘယ်တုန်းကထွက်သွားခိုင်းလို့လဲ?...သူ့ကိုအိမ်ကိုပြန်စေချင်လို့ သွားတော့လို့ ပြောလိုက်တာကို...
အထအနတွေကောက်ပြီး ဒီလိုရွာပြန်သွားစရာလိုလို့လား...ဟာကွာ..."
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌