ကျွန်တော်ခွပြီးဖက်ထားတဲ့ ရင်ခွင်ထဲက အရာလေးက..အရမ်းသေးနေတာကြောင့်..ကျွန်တော်အမြဲကိုင်ကြည့်နေကျနေရာလေးကို ဆွဲညှစ်ကြည့်လိုက်တော့..အရင်ပျော့ပျော့အိအိလေးမဟုတ်ဘဲ..နည်းနည်းမာနေတာကြောင့်..မျက်လုံးကိုဖွင့်ကြည့်လိုက်တော့..အသေးလေးမဟုတ်ဘဲ ခွခေါင်းအုံးဖြစ်နေတယ်..။
ဘေးကိုကြည့်လိုက်တော့..အသေးလေးက ရှိမနေဘူး..။ ညကအရက်သောက်ထားတဲ့အရှိန်နဲ့မို့..ခေါင်းကတဆစ်ဆစ်ကိုက်နေတာမို့..လန်းသွားအောင် ရေပါတစ်ခါတည်းချိုးလိုက်ပြီး..အောက်ကိုဆင်းလာခဲ့လိုက်တယ်..။
အောက်ရောက်တော့..အသေးလေးကို ဧည့်ခန်းထဲမှာမတွေ့တာနဲ့ မီးဖိုဆောင်အခန်းထဲကို ဝင်လာလိုက်တော့..ဘာအိုးတည်းနေမှန်းမသိပေမဲ့ တစ်ခုခုကိုဇွန်နဲ့မွှေနေတဲ့ ကျောပြင်သေးသေးလေးကို တွေ့ရတယ်..။
ကျွန်တော်လည်း..ကျောပြင်သေးသေးလေးအနားကို သွားလိုက်ပြီး..ခါးလေးကို အသာလေးဖက်လိုက်တော့...
"အံမယ်လေး...
ဟာ...ကိုဘုန်း..လက်အေးကြီးနဲ့ဗျာ...
လန့်သွားတာပဲ..""ဘယ်တွေအတွေးရောက်နေလို့ လန့်သွားတာလဲ?...ပြောပါဦး..."
"ဘယ်မှအတွေးမရောက်ဘူး..."
"အခုဘာလုပ်နေတာလဲ?..."
"အဖိုးအတွက်...နွားနို့ကို ပူပူနွေးနွေးလေးဖြစ်အောင် ကျိုနေတာ.."
"ကြီးမြကဘယ်သွားလို့လဲ?.."
"ဈေးသွားတယ်လေ...
အဲ့တာကြောင့် ကျွန်တော်ကျိုပေးနေတာ...""ကြီးမြ ပြန်လာရင် လုပ်ပေးမှာပေါ့...
ဘာလို့ အစောကြီးထပြီး..လာလုပ်ရတာလဲ?..
ကိုယ့်ယောက်ျားတောင်မနိုးသေးတဲ့ဟာကို...""ဟင်း....အမူးသမားနဲ့ အတူတူမအိပ်ချင်လို့ဗျာ..."
"အဟက်...
အဲ့တာကြောင့်...ကိုယ့်ရင်ခွင်ထဲမှာ ခွခေါင်းအုံးရောက်နေတာကို...
ညက ကိုယ့်ရင်ခွင်ဝင်မအိပ်ဘူးပေါ့လေ...""ဟုတ်တယ်...
အရက်စော်နံဟောင်နေလို့..""အခုရော..နံသေးလားလို့...
အသေးလေး ကိုယ့်ကို မနမ်းချင်ဘူးလား..ဟမ်.." လို့ပြောလိုက်တော့..ကျွန်တော်ခါးကိုဖက်ထားရာကနေ အသေးလေးက အနောက်ပြန်လှည့်ကြည့်လိုက်တော့..အသေးလေးရဲ့နှုတ်ခမ်းလေးက ကျွန်တော့်နှုတ်ခမ်းနဲ့ထိမိသွားပြီး..နမ်းသလိုဖြစ်သွားတယ်...။
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌