မနက်ကျွန်တော်နိုးလာတော့...ထင်တဲ့အတိုင်း ဘေးက ကိုဘုန်းဖျားနေပြီ...ပြောသားပဲ ဖက်ပြီး မအိပ်ပါနဲ့ဆိုတာကို...အခုတော့ဖျားပြီ...
"ကိုဘုန်း...ကျွန်တော်ဆရာဝန်ခေါ်ပေးမယ်နော်.."
"ဟင့်အင်း...မခေါ်နဲ့...
ဆေးသောက်လိုက်ရင် ပျောက်သွားလိမ့်မယ်...""ဘယ်ဖြစ်မလဲ?...ချွေးတွေလည်း ထွက်နေတာကို..."
"ရတယ်...ကိုယ်ဘာမှမဖြစ်ဘူး...
နားလိုက်ရင်ပျောက်သွားလိမ့်မယ်...""ပြောမရတော့လည်း...မခေါ်တော့ဘူး...
ချွေးတွေနဲ့ အဝတ်အစားလဲလိုက်လေ...
ကျွန်တော်အဝတ်အစားထုတ်ပေးမယ်..""အင်းအင်း..."
ကျွန်တော်လည်း...ကိုဘုန်းအတွက်အဝတ်အစားတွေထုတ်ပေးလိုက်ပြီး..
"ကျွန်တော် ဆန်ပြုတ်သွားလုပ်ပေးမယ်နော်.."
"အင်း..."
ကိုဘုန်းကိုပြောပြီး...အောက်ကိုဆင်းခဲ့ကာ...ထမင်းစားခန်းထဲဝင်လိုက်တယ်...။ ထမင်းစားခန်းရောက်တော့..ကြီးမြကိုတွေ့တယ်..
"ကြီးမြ...ဈေးသွားပြီးပြီလားဗျ.."
"သွားပြီးပြီလေ...ပြည့်လျှံလေး...
အောက်တောင်ဆင်းလာတယ်ဆိုတော့...သက်သာသွားပြီးလား...""ဟုတ်...သက်သာသွားပါပြီ...
သားကြက်သားဆန်ပြုတ်ပြုတ်ချင်လို့...အဲ့တာကြက်သားပါလား...""ပါတယ်လေ..."
"မြေးက နေကောင်းသွားပြီဆို...ကြာသားဆန်ပြုတ်ကဘယ်သူသောက်မလို့လဲ?..."ဆိုပြီး အဖိုးက ထမင်းစားခန်းထဲဝင်လာကာ...ကျွန်တော့်ကိုမေးတယ်...
"ကိုဘုန်းအတွက်..အဖိုး..."
"သူက ဘာဖြစ်လို့လဲ?..."
"ဖျားနေလို့...
သားဆီက ကူးသွားတာ ဖြစ်မယ်...""သြော်....
ဘယ်လောက်တောင်ကပ်နေလို့ ကူးရတာလဲ?...""ဟာ... အဖိုးကလည်း ဘာတွေမေးနေမှနမသိဘူး...
သားကြက်သားဆန်ပြုတ်သွားလုပ်တော့မယ်..."လို့ပြောပြီး မီးဖိုးဆောင်ထဲကို အမြန်ဝင်လိုက်တယ်...ကြက်သားဆန်ပြုတ်မကျက်သေးတာမို့..ကျွန်တော်လည်း အဖိုးနဲ့အတူ မနက်စာစားလိုက်တယ်...။
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌