BS fashionအတွက်..ကျွန်တော်တို့မိသားစုတွရိုက်ထားတဲ့ပုံလေးကို Facebookနဲ့ Instagram မှာတင်လိုက်တာနဲ့..ကျွန်တော်တို့မိသားစုရဲ့ပုံတွေဟာ..ခနလေးနဲ့တင် like and shareတွေများသွားတယ်..။
အမြွာ၂ယောက်ကလည်း..ချစ်ဖို့ကောင်းတာမို့..လူတော်တော်များများက အမြွာ၂ယောက်ရဲ့အကြောင်းကို သိချင်နေကြတယ်..။ အဲ့တာနဲ့ ကျွန်တော်လည်း..ကိုဘုန်းနဲ့တိုင်ပင်ကာ..အမြွာ၂ယောက်အတွက် pageတစ်ခုနဲ့ig accပါဖွင့်ပေးလိုက်ပြီး..သူတို့ပုံလေးတွေတင်ပေးဖြစ်တယ်..။ အခုဆို...အမြွာတို့၂ယောက်ကို ချစ်တဲ့လူတော်တော်များများ ရှိလာတယ်..။
ကျွန်တော်တို့၂ယောက်ကိုတော့..လက်ထပ်ထားတယ်လို့ သိတဲ့သူကလည်း သိကြသလို..မသိတဲ့သူတွေကလည်း Photo modelတွေထင်ပြ်ီး လိုက်ဖက်တယ်ဆိုပြီး ပြောကြသေးတယ်..။ ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်..။ အားလုံးက ကျွန်တော်တို့မိသားစုကို ချစ်ပေးကြတဲ့အတွက် ကျွန်တော်အရမ်းပျော်မိတယ်..။
"အီးဟီး..ပါပါး...အီး...ပါပါး..."
ကျွန်တော်ပန်းကန်ဆေးရင်း အတွေးတွေလွန်နေတာ..သားကြီးရဲ့ငိုသံကြားမှပဲ အတွေးကမ္ဘာထဲက လန့်နိုးလာတယ်..။ တော်သေးတာပေါ့..ပန်းကန်တွေကျမကွဲလို့..
"ဟင်..သားကြီး ဘာလို့ငိုနေတာလဲ?...
တိတ် တိတ်...""ပါပါး...လျှံရေး...
တားကိုရိုက်တယ်...ရွှတ်..""ဟင်...ဟုတ်လား...
လျှံလေးက ဘာလို့သားကိုရိုက်တာလဲ?...""တားက တူ့အရုပ်လေးငှားတာကို..မပေးဘဲရိုက်တယ်..အီး...ပါပါး..."
"အေးပါ..သားကြီးရယ်...
ဖေဖေ လျှံလေးကိုဆုံးမပေးမယ်နော်..တိတ်တိတ်...မငိုရဘူး...""ဟုတ်..."
"အခု လျှံလေးက ဘယ်မှာလဲ?.."
"အပေါ်ထပ်မှာ..ပေပေနဲ့တူတူဆော့နေရယ်.."
"ဟင်...အဲ့တာဆို သားကိုဘယ်သူအောက်လိုက်ပို့ပေးလဲ?.."
"ပေပေ..."
ဟင်း...ဒီလောက်ဆို သိလိုက်ပြီ...
သားကြီးကိုစပြီး ငိုအောင်လုပ်ကာ..ကျွန်တော့်ကိုအပေါ်တက်အောင် လုပ်လိုက်ခြင်းဖြစ်သည်..။ ဒီသားဖ၂ယောက် ဘယ်လိုတည့်နေလည်းမသိဘူး..သားကြီး မငိုငိုအောင် လိုက်စနေကြတာ..
![](https://img.wattpad.com/cover/233822058-288-k434769.jpg)
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌