"အဟက်...အဲ့လောက်လန့်မသွားပါနဲ့...
ဒါဟာ အက်စစ်ပုလင်းလေးပါပဲ..အဟက်...
ဒီအက်စစ်ပုလင်းလေးကို နင့်မျက်နှာပေါ်လောင်းလိုက်ရင်...
အကယ်၍ ငါမသတ်လိုက်ရရင်တော့..နင့်မျက်နှာလေးဟာ...ဟား ဟား ဟား..." လို့ အော်ရယ်ပြီး ကျွန်တော့်အနားကိုလျှောက်လာတဲ့ မငွေရတီလင်းကြောင့် ကျွန်တော်အနည်းငယ်တော့ ကြောက်မိတယ်..."မငွေရတီလင်း..ခင်ဗျားမယုတ်မာနဲ့နော်..."
"အဟက်...မကြောက်ပါနဲ့ဦး..
ဒီထက်ပိုပြီးနာကျင်အောင် လုပ်ရဦးမှာ...ဟားဟား..."တဖြည်းဖြည်းနဲ့ ကျွန်တော်အနားရောက်လာတမို့..ကျွန်တော်ခြေထောက်ကိုချည်ထားတဲ့ကြိုးတွေဟာ ညကတည်းက ရုန်းထားတာမို့..တဖြည်းဖြည်းပြေလျော့လာတယ်..။ ကျွန်တော်လည်း..ကြိုးကိုထပ်ရုန်းလိုက်ပြီး..အနားရောက်လာတဲ့ မငွေရတီလင်းကို ခြေထောက်နဲ့ဆောင့်ကန်လိုက်တယ်..။
ကျွန်တော်ဆောင့်ကန်လိုက်တဲ့အရှိန်ကြောင့်..နောက်ပြန်လှန်ကျသွားပြီး..အက်စစ်ပုလင်းလည်းမှောက်ကာ..မငွေရတီလင်းကို နည်းနည်းစင်သွားတယ်..။ စင်သွားတဲ့အရှိန်ကြောင့် မငွေရတီလင်းက..ဒေါသတကြီးနဲ့ ထလာကာ...
"အ!..အား...နင်ငါ့ကိုဆောင့်ကန်တယ် ဟုတ်လား...နင့်ကိုငါသတ်မယ်..." ဆိုပြီး ဓားအချွန်ကိုကိုင်ကာ ကျွန်တော့်ဆီကိုလျှောက်လာတယ်...
"ကဲဟယ်.." ဆိုပြီး ကျွန်တော့်ကိုဓားနဲ့ထိုးလိုက်တာ..ကျွန်တော်က ရှောင်လိုက်သည်မို့ လက်မောင်းကိုခြစ်သွားတယ်..။
သူ့ကိုပြန်ခံလုပ်ရအောင်..လက်ကိုခုံနဲ့ကြိုးချည်ထားသည်မို့..ကျွန်တော့်မှာ ခုံကိုပါထမ်းထားရသလို မငွေရတီလင်းလက်က လွတ်အောင်သာရှောင်နေရတယ်..။
"အဟက်...နင်က ရှောင်တယ်ပေါ့လေ....
ရတယ်..." လို့ ပြောပြီး မငွေရတီလင်းက ကျွန်တော့်လက်နဲ့ချည်ထားတဲ့ခုံကို တွန်းလှဲလိုက်တယ်..။ ကျွန်တော်ပြန်ထဖို့က မဖြစ်နိုင်တာမို့..ဒီတစ်ခါကျွန်တော်တကယ်သေရမှာလား..လို့တွေးပြီး မျက်လုံးကိုမှိတ်ထားလိုက်တယ်..."ဖောင်း!!" ဆိုတဲ့ အသံကြားကိုကြားလို့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့...
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌