"သားလေးမွေးတာပါ..."
"Yesss!..ဟုတ်ပြီကွ..."
"တစ်ယောက်ထဲမဟုတ်ဘူး..မောင်ထွန်းတောက်..."
"ဗျာ...
အဲ့တာဆို..ဦးထွန်းပြောတာက...""ဟုတ်ပါတယ်..အမြွာပူးမွေးတာပါ..
ယောက်ျားလေးချည်းပဲ ၂ယောက်...
မောင်ထွန်းတောက်ရေ...မင်းတော့ရှာပေတော့ပဲ...""အဟက်..တကယ်ကြီး အမြွာပူးမွေးတယ်ပေါ့..
အား....ဖိုးဖိုး...ဖိုးဖိုး မြစ်၂ယောက်ရတော့မှာ...အဟက်..""အေး...မင်းလည်း ၂ယောက်စာပိုရှာရတော့မှာပေါ့..."
"အခုချိန်မှာ...အပျော်ဆုံးလူသားက..ကျွန်တ်ာဖြစ်ယ်ထင်တယ် ဖိုးဖိုး.."
"အေးပါကွာ...အဖိုးလည်း ဝမ်းသာပါတယ်...
သြော်..မောင်ထွန်း...ပြည့်လျှံလေးကို ဝင်ကြည့်လို့ရပြီလား...""ဟုတ်ကဲ့...အဖိုး...
မေ့ဆေးအရှိန်ကြောင့်..ခနတော့ မှေးနေဦးမှာပါ..ဝင်ကြည့်ချင် ဝင်ကြည့်လို့ရပါပြီ..""ဟုတ်ကဲ့...ဦးထွန်း...
ဦးထွန်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်...""ရပါတယ်ကွယ်...
သွား..သွား...ပြည့်လျှံလေးအနားကို...
မျှော်နေရောပေါ့...""ဟုတ်...ဦးထွန်း.."
ဦးထွန်းကို နှုတ်ဆက်ပြီးတာနဲ့..အသေးလေးရှိတဲ့အခန်းကို ဝင်လာခဲ့လိုက်တယ်..။
အခုချိန်မှာတော့..ထွန်းတောက်ဘုန်းတို့က တက်ကြွတဲ့ကြက်ဖလိုပဲ..။
ကျွန်တော့်မျှော်လင့်ထားတဲ့အရာတွေမှန်သမျှ..အကုန်ဖြစ်လာပြီ..။ကျွန်တော်အခန်းထဲရောက်တော့..အသေးလေးက မှေးနေတုန်းရှိသေးတယ်..။ ကျွန်တော်လည်း..အသေးလေးရဲ့ဘေးနားမှာသွားထိုင်ကာ..အသေးလေးရဲ့နဖူးလေးကို အသာနမ်းလိုက်တယ်..။
"အရာအားလုံးအတွက်..ကျေးဇူးပါအသေးလေး.."
"ဟင်...ကိုဘုန်း.."
"အင်း...အသေးလေး..
အဆင်ပြေရဲ့လား...""အင်း..ပြေတယ်..."
"ကျေးဇူးနော်..အသေးလေး..
ကိုယ့်အတွက်..ပျော်ရွှင်စရာအရာအားလုံးကို ယူလာပေးလို့..."
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌