"အသေးလေး...မျက်နှာက ဘာဖြစ်နေတာလဲ?.."
ကျွန်တော့်ကို မျက်နှာလေး ညှိုးငယ်ကာ..အင်္ကျီကြယ်စေ့တပ်ပေးနေတဲ့ အသေးလေးကို မေးလိုက်တယ်...။ မျက်နှာမကောင်းတာ ဟိုတစ်နေ့ကတည်းက...ဘာဖြစ်လို့ဖြစ်နေမှန်းလဲမသိဘူး...
သူမျက်နှာမကောင်းတော့...ကျွန်တော်လည်း မနေတတ်ဘူး.."ဘာမှမဖြစ်ပါဘူး..."
"ဘာမှမဖြစ်ဘူးဆို...ဘာလို့ မျက်နှာက ရွှင်ရွှင်လန်းလန်းမရှိတာလဲ?.."
"ဘာမှမဖြစ်ပါဘူးဆို..."
ဒီလောက်ဆူပုတ်ပြီးနေတာ...စိတ်ဆိုးစိတ်ကောက်နေတာမဟုတ်လို့ ဘာဖြစ်ရမှာလဲ? အသေးလေးရယ်...
အသေးလေးကြယ်စေ့တပ်ပေးနေတာ...တဖြည်းဖြည်းနဲ့ အပေါ်ထိရောက်လာပြီ...ကျွန်တော်လည်း သူ့ကိုစချင်တာနဲ့ ခြေဖျားထောက်လိုက်တယ်..။နဂိုကတည်းက...အသေးလေးအရပ်က ကျွန်တော့ပုခုံးလောက်ပဲရှိတာ...အခုလိုခြေဖျားထောက်လိုက်တော့...မမှီတမှီနဲ့ သူ့ခြေဖျားထောက်ပြီး..တပ်ပေးရှာတယ်...။ တစ်ချက်မော့ကြည့်ပြီး...စကားတော့တစ်ခွန်းမှ မပြောဘူး..။ ကျွန်တော်လည်း မနေနိုင်တော့တာနဲ့ ထပ်မေးလိုက်တယ်...။
"အသေးလေး...ဘာဖြစ်နေတာလဲ?...
ကိုယ့်ကိုပြောလေ...အဲ့လိုကြီးမနေနဲ့..""ဘာမှမဖြစ်ပါဘူးဆိုမှ...
ပြီးပြီ အောက်ကိုဆင်းခဲ့တော့..." ဆိုပြီး အရှေ့ကနေအောက်ကိုဆင်းသွားတဲ့ အသေးလေး...ဟူး.....ဆက်မတွေးနေတော့ဘဲ...အသေးလေးနောက်ကနေ လိုက်ခဲ့လိုက်တယ်...
မနက်စားပြီး အပြင်ထွက်လာတဲ့အချိန်ထိ...အသေးလေးက ကျွန်တော့်ကို စကားတစ်ခွန်းမှ မပြောဘူး..."Hi!...Hello!..." ဆိုပြီး အသံကြားလို့ကြည့်လိုက်တော့...မင်းမြတ်ဖြစ်နေတယ်..
"မင်းက ဘာလာလုပ်တာလဲ?..."
"မင်းနေမကောင်းဘူးဆိုလို့...
လာကြည့်တာလေ...
အခုတော့...ဘာလဲ companyတောင်သွားတော့မှာလား...""ဟုတ်တယ်...သွားမှာ...
မင်းလည်းcompanyသွားမှာ မဟုတ်လား...
သွားမယ်လေ...""နေပါဦးကွာ...မင်းကလည်း...
ပြည့်လျှံလည်း နေမကောင်းဖြစ်သေးတယ်ဆို...
သက်သာသွားပြီလား..." ဆိုပြီး ကျွန်တော့်အနောက်မှာ ရပ်နေတဲ့အသေးလေးဆီ သွားနေတဲ့ မင်းမြတ်....
ထင်တယ်...အဲ့တာကြောင့် companyသွားမယ်ဆိုပြီး ခေါ်နေတာကို...ဒီမိကျောင်းသားက လျှာတော်တော်ရှည်တာပဲ...
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌