"ကြီးမြ...အသေးလေးကို စပ်တာတွေ သိပ်မကျွေးနဲ့နော်...
ပန်းပင်တွေကိုလည်း..ရေသွားမလောင်စေနဲ့နော်...
အပေါ်နဲ့အောက်ကိုလည်း..ခေါက်တုံ့ခေါက်ပြန် မတက်စေနဲ့နော်..""ဟုတ်ကဲ့ပါ...သခင်လေးရယ်...
ကြီးမြ ပြည့်လျှံလေးကို သေချာဂရုစိုက်ပါ့မယ်...
နေ့တိုင်းပဲမှာနေတာ..သခင်လေးကတော့ မသိဘူး...ကြီးမြတော့ အလွတ်ရနေပြီ...
စိုးရိမ်လွန်ရောပါ့သခင်လေးရယ်...""ဒီလောက်မှာထားမှ တော်ကာကျတာ...
ဒီအသေးလေးကို မှာရင်တော့လား...ပါးစပ်ကသာ ဟုတ်ကဲ့ဟုတ်ကဲ့ နဲ့...ပြီးကျရင် နားမထောင်ပဲ လျှောက်လုပ်တတ်လွန်းလို့...""ဘယ်မှာလုပ်လို့လဲ?...
ကျွန်တော် အိမ်ထဲမှာ ငြိမ်ငြိမ်လေးပဲနေတဲ့ဟာကို...""ဟုတ်သားပဲ...ထွန်းတောက်ရာ...
ငါလည်း ဒီမှာရှိနေတာပဲ...ပြည့်လျှံလေးက မင်းပြောသလောက်လည်းမဟုတ်ပါဘူး...""ဟင်း.....ဖိုးဖိုးတို့မသိဘူး...
ဒီအသေးလေး သရက်သီးသုပ်တွေ..ခိုးခိုးစားနေတယ်...
လဲထားတဲ့အင်္ကျီတွေမှာ ငရုတ်သီးဖတ်တွေတွေ့ရတယ်...""အဲ့...အဲ့တာက...တခါတလေမှ စားတာပဲကို..
အထဲက ကလေးလေးက စားချင်နေလို့ စားတဲ့ဟာ..
သူစားချင်တာမစားရရင် ကလေးလေးကစိတ်ဆိုးမှာပေါ့လို့...
ဟုတ်တယ်နော်...ကြီးမြ...""အယ်...ပြည့်လျှံလေး...
ကြီးမြကို အဖော်လာဆွယ်တယ်ပေါ့လေ...""ဟီးဟီး..."
"တော်ပါ..ကြီးမြကို အဖော်သွားဆွယ်မနေနဲ့...
စကားတတ်တိုင်းလျှောက်ပြောနေတယ်...
လာ..ကိုယ်သွားတော့မယ်..ကိုယ့်ကိုလိုက်ပို့...""အင်း..." ဆိုပြီး နို့တစ်ခွက်ကိုမော့ချလိုက်ပြီး..ကျွန်တော့်အနောက်ကနေ လိုက်လာတယ်..
အခုဆို ကိုယ်ဝန်၃လကျော်လာပြီမို့...အသေးလေးဗိုက်လေးက နည်းနည်းလေးဆူလာလေပြီ..။ သူ့အရင်အဝတ်အစားတွေက ရှပ်အင်္ကျီအသေးလေးတွေမို့...ဗိုက်နဲ့ဆိုတော့..နည်းနည်းတော့ ကျပ်တာပေါ့...။
ကျွန်တော်လည်း...ကျပ်နေတော့နေရခက်မှာစိုးလို့...ကိုယ့်အင်္ကျီတွေ ယူဝတ်ချင်ယူဝတ်ပါလားလို့...ပြောလိုက်တဲ့နေ့ကစပြီး..အသေးလေးရဲ့ကိုယ်ပေါ်မှာ..သူ့အဝတ်အစားတွေမရှိတော့ဘူး...ကျွန်တော့်အင်္ကျီအကြီးကြီးတွေကို..တစ်နေ့တစ်နေ့မျိုးစုံဝတ်တယ်..။
YOU ARE READING
MY ONLY ONE (completed)
Romanceမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌