Part-45(Uni)(Final)

27K 1.3K 46
                                    

"ကိုဘုန်း.........." ဆိုပြီး သံရှည်စွဲကာ အခန်းထဲကိုဝင်လာတာတဲ့သူကတော့ တစ်ဦးတည်းရှိရဲ့ကျွန်တော့်ရဲ့အသည်းညှာလေး

"ပြော...ဘာလိုချင်လို့လဲ?.."

"ဟင့်အင်း...လိုချင်တယ်ရယ်လည်း မဟုတ်ပါဘူး.."

"ကဲ..ပြော...
အဲ့တာဆို..ဘာတွေချွဲဦးမလို့လဲ?.."

"ကျွန်တော်တစ်ခါမှ မချွဲဖူးပါဘူးနော်..."

"ဟုတ်လား...သြော်...."

"ကိုဘုန်း...ကျွန်တော်ဆက်ပြောရမလား..."

"အင်း..ဆက်ပြော..."

"အာ့ရှို..အဲ့လပ်တော့ကြီးကို ဘေးချလိုက်.."

ချက်ချင်းကြီး စကားမပီချင်သလိုဖြစ်လာတဲ့အသေးလေးကိုကြည့်ကာ..အသဲယားပြီး ဆွဲကိုက်လိုက်ချင်ပေမဲ့..သူဘာဆက်ပြောမလဲသိချင်တာမို့ ဘာမှမပြောဘဲ..သူပြောတဲ့အတိုင်း လပ်တော့ကိုဘေးချလိုက်တယ်..။

"ကဲ...ချပြ်ီးပြီ...
ပြော...ဘာပြောမလို့လဲ?..." လို့ ပြောလိုက်တော့..ဘာမှမပြောဘဲ..သူ့ဝတ်လာတဲ့ ရှပ်အဖြူကို ပခုံးနည်းနည်းဆွဲကာ..ကျွန်တော့်ပေါင်ပေါ်မှာတက်ထိုင်လာတယ်...

ငင့်...ဒီအသေးလေး ကိုယ့်အန္တရာယ်ကိုယ်မမြင်တာလား...
အင်္ကျီကိုဘေးဆွဲထားတာကြောင့်..ပေါ်လာတဲ့အသေးလေးရဲ့ ပခုံးသားဖွေးဖွေးလေးတွေ..အင်္ကျီက တွဲကျနေတာကြောင့် အသေးလေးရဲ့အတွင်းသားလှလှလေးကိုပါ မြင်ရတာကြောင့်..ကျွန်တော့်မှာ တံတွေးကိုသာမြိုချလိုက်မိတယ်...

"အ...အသေးလေး..." ဆိုပြီး စကားတွေထစ်ပြီး ကုတင်နံရံကိုမှီလိုက်တဲ့ကိုဘုန်းကြောင့် ကျွန်တော်ပါ ကိုဘုန်းနားကို နောက်လိုက်ထိုင်လိုက်ရတယ်...

"ဘာဖြစ်တာလဲ?..ကိုဘုန်း..."

"ဘာ..ဘာမှမဖြစ်ပါဘူး....
အသေးလေး ကိုယ့်ကိုဘာပြောမလို့လဲ?..."

"အဲ့...အဲ့တာကလေ...ကျွန်တော်တို့...
ကျွန်တော်တို့.."

"အင်း...ကျွန်တော်တို့ ဘာဖြစ်လဲ?.."

"ကျွန်တော်တို့ နောက်ထပ်ကလေးယူကြမလားဟင်..."

"ဟမ်!.."

MY ONLY ONE (completed)Where stories live. Discover now