"ဦးထွန်း ကိုယ်ဝန်ကို ဖျက်ချလို့ရလား..."
"ကိုဘုန်း!..." "ထွန်းတောက်ဘုန်း!..." "သခင်လေး..."
"ကိုဘုန်း...ဘယ်လိုပြောလိုက်တာလဲ?...
ကျွန်တော်တို့ရင်သွေးကို ဖျက်ချစေချင်တာလား...
ကျွန်တော်လုံးဝဖျက်မပေးနိင်ဘူး...""အသေးလေး...ကိုယ်ပြောတာကို နားထောင်..
ဒီကိစ္စက ဘယ်လောက်အန္တရာယ်များလိမ့်မယ်ထင်လဲ?..
အခန့်မသင့်ရင် အသေးလေးအသက်ပါ ဆုံးရှုံးနိုင်တာနော်...""အဲ့တာဘာဖြစ်လို့လဲ?...
ကျွန်တော်တို့ရင်သွေးကိုတော့..ကျွန်တော်မွေးသွားချင်တယ်...
တကယ်လို့ ကျွန်တော့အသက်ကို ပေးရမယ်ဆိုရင်တောင်ပေါ့...""ဟာ....ဘာလို့ ဒီလောက်ခေါင်းမာနေရတာလဲ?အသေးလေးရာ....
ကိုယ်ဒီကိစ္စကို လုံးဝသဘောမတူနိုင်ဘူး...""ကိုဘုန်းဝမ်းနဲ့လွယ်ရလို့လား...
ကျွန်တော့်ဝမ်းနဲ့လွယ်ရတာလေ...
ကျွန်တော်တောင်ဖြစ်ပါတယ်ဆိုတာကို..ကိုဘုန်းက ဘာလို့ဒီလောက်ခါးသီးနေရတာလဲ?...""မင်းဝမ်းနဲ့လွယ်ရတာမို့...ကိုယ်ဒီလောက်ဖြစ်နေတာပေါ့ကွ..."
"အဲ့တာကြောင့်...ကျွန်တော်ကဖြစ်ပါတယ်ဆိုမှ...ကိုဘုန်းက ဘာလို့ မလိုချင်ရတာလဲ?..."
ဒီကိုယ်ဝန်က..ကိုဘုန်းနဲ့ပဲ ရတာလေ..
အခြားသူနဲ့ရတာလည်းမဟုတ်ဘဲ..ကိုဘုန်းက ဘာလို့ ဒီလောက်တောင် ခါးခါးသီးသီးဖြစ်နေလည်း နားမလည်တော့ဘူး..."မင်းတစ်ခုခုဖြစ်မှာကြောင့်လို့ပေါ့ကွ..."
"ကျွန်တော်တို့ရင်မဆိုင်ရသေးဘဲ..ဘာလို့ အရှုံးပေးချင်နေရတာလဲ?...
ကျွန်တော်တောင်ဘာမှမဖြစ်တာ..ကိုဘုန်းက ဘာလို့အဲ့လောက်တောင်စိုးရိမ်နေရတာလဲ?...""ကျစ်..အသေးလေး!...မင်း!...
ပြောနေရင်းနဲ့ကို..နားမလည်တာပဲ...
ဘာပဲဖြစ်ဖြစ် ဦးထွန်း ကျွန်တော်ပြောသလိုလုပ်ပေးပါ...""ကိုဘုန်း!....
ရတယ်လေ...ကိုဘုန်းက မလိုချင်မှတော့...
ကျွန်တော်တို့ ကွာရှင်းကြတာပေါ့...
ကျွန်တော့်ရင်သွေးကိုတော့..ကျွန်တော်မသတ်နိုင်ဘူး...
ဒီတော့...အကောင်းဆုံးနည်းလမ်းက ကွာရှင်းကြမယ်..."
VOUS LISEZ
MY ONLY ONE (completed)
Roman d'amourမင်းသာ ကိုယ့်ရဲ့တစ်ဦးတည်းသော အရာရာပါ. married life လေးပါ💞 အရာအားလုံးက အဖိုးစီစဉ်ပေးထားတာ😌