Lead_in

9.2K 356 2
                                    

( Zawgyi )




မျက်နှာမူရာက
မှောင်မိုက်နေတဲ့အခါ
ရှေ့ဆက်တိုးဖို့ ခက်ခဲတယ် ။

မြို့ပြက လူတစ်ဦးရေ. . .
မရေရာခြင်းတွေထဲ လမ်းပျောက်လုဆဲဆဲ
ပုံရိပ်ယောင်တွေလိုမျိုး. . .
ခဗျားဘဝ ခဗျားဒေသ မှာ
လှို့ဝှက်ချက်တွေ  ခင်းကျင်းပြသလို့. . .

မျက်စိလည် လမ်းမှားလာတယ် ဆိုပါစေဦး. . .
မဖိတ်ခေါ်တဲ့ အရိပ်အယောင်တွေထဲ
ဘယ်သူ တွန်းပို့ခဲ့တာလည်း . . . ?
အနောက်ဘက်ကို လှည့်ကြည့်တဲ့အခါ
ပြတ်သားလို့မရတဲ့  ကြိုးစတွေက
လိုက်ကာ ရစ်ပတ်တယ် ။

လူသူမသိ. . . အဖော်မဲ့တဲ့ ပစ္စုပ္ပန်တစ်ခုကို
ငွေသားပေးပြီး
ချက်ချင်းဝယ်လိုက်တဲ့အတိုင်း. . .
အတိတ်ဆိုတဲ့  အစစ်အမှန်မှာ
မပျော်မွေ့တော့လောက်အောင်
ယစ်မူးလာတယ် ။

မျက်လှည့်ပြတဲ့ ကံကြမ္မာက
အနာဂတ်တစ်ခုကို
မူတည်နေမှာမဟုတ်လည်း . . .
အရမ်းနက်နဲလွန်းသည့် ခဗျားဘာသာတရားကို
ရှာဖွေဖို့တော့  အခွင့်အရေးလေး ပေးပါဦး. . .

ဝေဝေဝါးဝါး ရောက်လာခဲ့တဲ့
ရင်ခွင်ပြင်မှ ပြန်မထွက်ချင်တဲ့အခါ
ဘယ်သူ ဘယ်ဝါက
ဖယ်ထုတ်ပစ်လိုက်ပြန်တာလည်း. . . ?
အရှေ့ဘက်ကို ပြန်ရောက်သွားပြီ . . .
ခြေလှမ်းတွေ တဖြည်းဖြည်း
တိတ်ဆိတ်လာတယ် ။

အဲ့လ်ပ် တောင်တန်းထိပ်က
အလိုလျောက် ပန်းဖြူဖြူတွေ
ညှိုးနွမ်းလာတယ် ။
အစိမ်းရင့်ရောင် လွင်ပြင်ကျယ်တွေ
အတွေးလွန်လာပြီးနောက်. . .

ခေါ်သံတွေ  မကြားရဘူး. . .
ရယ်သံတွေ ငြိမ်သက်နေတယ် ။
မြို့လည်ခေါင်က
နာရီစင်က အချက်ပေးပြန်ပြီ ။
ဟော့ဒီ့နေ့လည်း နှစ့်ဆယ့်လေးနာရီ
လည်ပတ်သွားလေသည်တဲ့. . . ။

နေသူမရှိတဲ့ အိမ်က
အလိုလျောက် တံခါးဖွင့်ကာ ကြိုဆိုတယ် ။
စီးသူမဲ့တဲ့ ဒါန်းက
တစ်ငြိမ့်ငြိမ့် ရွေ့လျားလာတယ် ။
ပေါင်းသင်စိုက်ပျိုးမယ့်သူ မရှိတဲ့
နှင်းဆီနက်တွေ 
ထပ်ခါတစ်လဲလဲ ပွင့်လန်းတယ် ။

နာကျင်ခြင်းတွေဆိုတာ
သာယာတတ်ရင်
သိပ်ကို ခံစားလို့ကောင်းတဲ့
ဘုံ စည်းစိမ်တစ်ခုဘဲ. . .

HELLO_Darling ( Completed ) Dove le storie prendono vita. Scoprilo ora