( Zawgyi )
-
-
-
ချစ်ခြင်းမေတ္တာတွေ
ရေးတားထားတဲ့
ဘောင်တစ်ခု၏ အခက်ခဲသည်
မည်မျှသော ကြမ်းတမ်းမှုများကို
ဖြတ်ကျော်ရမည်နည်း. . ?အမှန်တိုင်း ဝန်ခံပါဟုဆိုလျှင်
သူ ဝေးရမှာ တကယ်ကြောက်သည် ။
အချစ်ရဲ့စာမျက်နှာတွေထက်
စတင်ခြင်းဟာ နှလုံးသားဖြင့်ပြုခဲ့သလို
အပြီးသတ်ခြင်းကိုလည်း
နှလုံးသားနဲ့သာ သူ စေခိုင်းလိုတယ် ။ကြယ်ကလေးတွေတောင်
လမ်းမပြနိုင်တော့တဲ့အထိ
သူ့ သက်ရောက်မှုတွေ
အစွန်းသို့ တဖြည်းဖြည်းတိုးလာနေ၏။
ချောက်ကမ်းပါးတစ်ခုနဲ့ပြိုဆင်းမှုကြား
ဗျာများနေရတဲ့ သနားစရာ
သတ္တဝါငယ်တစ်ကောင်လို
ရူးမိုက်ပစ်လိုက်ဖို့တောင် သူကြောက်နေရဲ့. . .လက်မလွှတ်လိုတဲ့ ဖမ်းဆုပ်ခြင်းများဟာ
စတင်မှုကို မှီဝဲတယ် ။
မဖမ်းဆုပ်လိုတော့တဲ့
လက်လွှတ်ခြင်းတွေမှာလည်း
အားနာသော အကြောင်းတရားများဟာ
ကပ်တွယ် ညီညာလာခဲ့လျှက်. . .စိတ်ကိုမလွှတ်လိုက်နဲ့. ,
ရူးသွားလိမ့်မယ် ။ စိတ်ကို မလွှတ်ချလိုက်နဲ့ ။အကြိမ်ကြိမ် ပေးနေတဲ့သတိတွေ. .
တစ်ယောက်ထဲ ဆိုနေတဲ့
အားပေးစကားတွေ. . .
တိတ်တဆိတ်မျှော်လင့်နေခဲ့မိတဲ့
လွတ်မြောက်မှု လမ်းတိုလမ်းစတွေ. . .နှစ်ပတ်မြောက်ကြာပြီးသော
မနက်ခင်းတစ်ခုဖြစ်၏။
မျက်စိရှေ့မှာ ကြီးမားတဲ့ ရောင်စုံမီးပုံးပျံများ
ရွေ့လျားသွားလာနေကြသည် ။
မီးပုံး ရာသီဖြစ်တာမို့
Norway ရောက်ခိုက် ဒီနေရာကိုတော့
ရောက်အောင် လာဖြစ်ခဲ့သည် ။အပျော်အပါးဆိုတာထက်
မင်းလေးနဲ့ အမှတ်တရများ
ဖန်တီးခဲ့ချင်ရုံသက်သက်ပါ ။
ဖရုံတန်းလေးတွေမြင်လာတိုင်း ၊
ရေပေါ်ရောင်စုံအိမ်ကလေးတွေနဲ့
ရံဖန်ရံခါ ကြုံကြိုက်မိတိုင်း. . .
ကြယ်တွေရဲ့ အလင်းတန်းစုဝေးရာကို
အမှတ်တမဲ့ တွေ့မိလေတိုင်း. . .အခုဆို လေပြည်နယ်ထဲ
ကရိယာတစ်ချို့နဲ့ ရောက်ရှိမိတိုင်း. . .
![](https://img.wattpad.com/cover/240158786-288-k435246.jpg)
KAMU SEDANG MEMBACA
HELLO_Darling ( Completed )
Romansa( Zawgyi ) Hi Darling. . . အကယ်၍ နောက်တစ်ယောက်ကို ထပ်ချစ်မိသွားမယ်ဆိုရင်တောင်မှ မင်းကို ချစ်ခဲ့တုန်းကလို စိတ်မျိုးနဲ့ ဘယ်တော့မှ ထပ်ချစ်နိုင်တော့မှာမဟုတ်ဘူး နောက်တစ်ယောက်သာ ရှိလာရင် ရှိလာမယ် မင်းနေရာမှာတော့ ဘယ်အရာကိုမှ. . . ဘယ်လိုမှ အစားထို...