( Zawgyi )
-
-
-ညဥ့်သည် နက်နဲလှသည်။
မိုးတစ်စိမ့်စိမ့်က
ကြိုးစား အကောင်ထည်ဖော်နေသော
ခရီးဓွန့်ရှည်တစ်ခုကို
အလိုလျောက်ပံပိုးပေး၏။
ညမီးရေးရေးလေး ထွန်းထားမှသာ
တိတ်ဆိတ်ခြင်းနှင့်အပြိုင်
အလုပ်ဖြစ်တော့သည်။ပြွန်တွေ Microscopeတွေနှင့်
အတိအကျ ချိန်ရွယ်ထားသော
အပင်မျိုးရင်းတွေလည်း
စားပွဲဘေးတစ်ဖက်စီမှာ
အစီအရီ. . .ဝါသနာကို ဦးနှောက်နဲ့
အလုပ်ပေးတဲ့အခါ
တစ်ဖို့တည်းဘဲ
ကြည့်တတ်လာတဲ့စိတ်က
ပင်ပန်းမှု ရလဒ်ဖြစ်လိမ့်မည်။ပြတင်းတံခါးပိတ် ၊ ပါဝါမျက်မှန် ချွတ်ပြီး
လက်ထဲက ဘောပင် ချလေတော့
ညဟာ 3နာရီ အတိ. . .
မနက် ခရီးထွက်ဖို့ အကုန်ပြင်ဆင်ပြီးဖြစ်သော
Lagguageအိတ်က
ပြုံးယောင်တစ်သန်းသန်း. . . .Europeက နိုင်ငံ ငါးနိုင်ငံကို
တစ်လကြာအောင်
လေ့လာရေးခရီး ထွက်မည်ဖြစ်သည်။
ကျောင်းက လွှတ်တာလည်း မဟုတ်. . .
ဘယ်သူလွှတ်လို့
သူ သွားရကောင်းမှန်းလည်း မသိခဲ့ပဲ. ,အသက်ပြည့်ခါကာစ
ဆယ်ကျော်သက်အရွယ်လေးနဲ့
Club မတက် အသောက်အစားမရှိ
ကျောင်းစာနဲ့ ဝါသနာအပေါ်ကိုဘဲ
ကြိုးစား ရင့်ကျက်နေခြင်းက
ပါရီမီဖြည့်ဘက်ကောင်းရှိလို့ လို့ပဲ
ဆိုပါတော့. . . ။" လာ အိပ်တော့လေ Jung Kook
မနက် အစောကြီးသွားရမှာမလား "" အင်း ကျတော့်ကိုစောင့်နေတာလား
တစ်ခေါက်တစ်လေလေး ကိုယ့်ယောကျာ်းကို
မောင် လို့ပြောင်းခေါ်ကြည့်ပါဦး "ထိုအမျိုးသမီး ခြုံထားသည့်စောင်ကို
ဖယ်လျှက် သူပါ အတူတူဝင်ခြုံလိုက်သည်။
မနက်ကျ ခရီးသွားရမှာမို့
အရင်လို အချစ်စမ်းဖို့က
ဒီတစ်ညတော့ မဖြစ်. . လုံးဝ မဖြစ်. . ." ဒါက လက်တွေ့ဘဝကြီးနော်
ဝတ္ထုမဟုတ်ဘူး
စိတ်ကူးတွေ ယဉ်မနေနဲ့ အိပ်တော့. . . "" စိတ်ကူးယဉ်သမားကို ယူထားပြီး
မောင်လို့ မခေါ်ချင်ဘူးဆိုတော့
ကျတော် သေပါပြီဗျာ "ကိုယ့်မိန်းမနဲ့ တစ်ခါလောက်လေး
Romatic ဆန်ချင်မိပါတယ် ။
တအားကို ငြင်းဆန်နေတော့တာဘဲ . . .
ဖက်ထားသောလက်၏
တည်ရှိနေရာ အောက်က
တစ်ခုခုကို ထိကိုင်ဖို့ကြိုးစားလေတော့. . .
" အိပ်တော့ပါဆို တော်တော်ဖြစ်နေတာ
အိပ်တော့ အခု "

YOU ARE READING
HELLO_Darling ( Completed )
Romance( Zawgyi ) Hi Darling. . . အကယ်၍ နောက်တစ်ယောက်ကို ထပ်ချစ်မိသွားမယ်ဆိုရင်တောင်မှ မင်းကို ချစ်ခဲ့တုန်းကလို စိတ်မျိုးနဲ့ ဘယ်တော့မှ ထပ်ချစ်နိုင်တော့မှာမဟုတ်ဘူး နောက်တစ်ယောက်သာ ရှိလာရင် ရှိလာမယ် မင်းနေရာမှာတော့ ဘယ်အရာကိုမှ. . . ဘယ်လိုမှ အစားထို...