The final

4K 207 18
                                    

( Zawgyi )

-

-

-

အိမ်ပြန်ချိန်၏ မိုးသည်
အနောက်မှ လိုက်လာ၏။
တောင်ပေါ်ဒေသမှ ရိုက်ခတ်တီးတိုးသည့်
လေငွေ့များဟာ
မကြာမီ မိုးရွာချနိုင်သည်ဟု
သတိပေးသည် ။

သစ်ရွက်တွေ လေထဲ တစ်ဝေ့ဝေ့. . .၊
မြေမှုန့်တို့သည်
လျှင်မြန်စွာ နင်းနေရသည့်
စက်ဘီးနောက်မှာ ဖုန်ထ၍ ကျန်ရစ်. . . ၊
ပန်းမျိုးစုံတို့ဟာ
စက်ဘီးဦးထက် ဒယိမ်းဒယိုင်ဖြင့်
တစ်မျိုးကြည့်ကောင်းနေကြသည် ။

ပြာလဲ့နေသည့်
မိုးသားရိပ်အောက်
သဘာဝတရားမှ ပေးအပ်သော
လှပခြင်းတွေဟာ စုံညီလို့. . .
စိမ်းစိုတဲ့ အပင်တွေဟာ
လမ်းရိုးတစ်လျောက် အုပ်ကျက်စွာ. . .

မြေနီနီလမ်းလေးထက်ဝယ်
မိုးစလေးများ အစပြု၍ လာပါသည် ။

" သားရေ. . .
  အကြီးကို လာဗင်ဒါတွေ ပေးခဲ့ဦး "

အိမ်ထဲမှလှမ်းခေါ်လာသည့်
အဒေါ်ကြီးဖြစ်၏။
အခုလေးတင်ပဲ ပန်းခင်းထဲ သွားဖြတ်လာသော
ရောင်စုံပန်းမျိုးတွေ၏
ပထမဆုံး ဖောက်သည်ဟာ
ဒီ အကြီး ဖြစ်သည် ။

" လာပြီ အကြီးရေ "

အသံပေးပြီးတာနှင့်
စက်ဘီးကို ရပ်တန့်လိုက်သည် ။
အုတ်ခဲများကို ဆေးမသုတ်ထားတဲ့
တိုက်ပုလေးရဲ့ခြံထဲ သူ ပြန်တွန်းလိုက်၏။
မိုးလေဝသအခြေအနေက သိပ်တော့မဟန်. . .
မိုးပျောက်သေးသေးလေးများ၌
လေအချို့ ကပ်ပါနေလျှက်. . . .

ညနေခင်း ရွာထဲလှည့်ရောင်းဖို့အရေး
လတ်ဆတ်စေဖို့ဌာ ယခု မွန်းလွဲချိန်ထဲက
သွားဖြတ်တောက်ရသည် ။
အခုဖြတ် အခုရောင်း အခုကုန်မို့
ဒီနယ်မှာ သူ့ပန်းများသည်
နာမည်ကြီးလှ၏။

lilac ၊ Tulip ၊ Lavender ၊
Forget me not ၊
အလွယ်တကူ မရရှိနိုင်သော Edelweiss
အစရှိသည့် ပန်းတွေဟာလည်း
စက်ဘီးနောက်ခုံပေါ်က
ကြိမ်ခြင်းထဲမှာ စုံလင်လို့နေ၏။

သူရောင်းသည့်ပန်းတွေဟာ
မကုန်တဲ့နေ့မရှိ. . .
လိုရင်သာ လိုပါလိမ့်မည် ။
သူ့မွေးရပ်မြေက ရွာကလေးတစ်ခုမှာ
အခြေချနေထိုင်ခဲ့ခြင်းသည်
သူ့၏ စီးပွားရေးအတွက်
များစွာ အထောက်ကူဖြစ်လေသည် ။

HELLO_Darling ( Completed ) Tahanan ng mga kuwento. Tumuklas ngayon