( Zawgyi )
-
-
-
ပါရီ မြို့တော် မယ်
မိုး ဆဲလုစ ပြုပြီ. .
လမ်းတစ်လျောက် ကြွေကျနေသည့်
ပန်းနုရောင် ပွင့်ဖတ်များက
လေ၏ယူရာ ပြေး၏။အရှေ့တည့်တည့်က
ကြိုဆိုနေတဲ့ မျှော်စင်ဆီသို့
ဦးတည်သွားနေကြသည် ။
ခုံတန်းလေးတွေ ရှိသည် ။
နေ့လည်ခင်း ပေမယ့်
ရာသီဥတုက ပုံမှန်မဟုတ်တာကြောင့်
ကိုယ်စီ LongCoat တွေနဲ့ပင်. . .မြို့ခံတွေ ကျတော့လည်း
သိုးမွှေးရုံ အရှည်ကြီးတွေနဲ့
ခေတ်နောက်ပြန်ဆွဲနေကြသလို. . . .
1927 vintage ခေတ်က parigots လူမျိုး
အမျိုးသမီး အမျိုးသားတွေလို
နေထိုင်မှုပုံစံတွေနဲ့
တစ်မျိုးကြည့်ကောင်းကြသည် ။အမျိုးသမီးတွေ၏ ဆံပင်ဟာ
လိမ္မော်နီရောင် သန်းလျှက်ရှိကာ
တင်အထိရှိသည့် အလိပ်အကွေးတွေနဲ့. . .
ဂါဝန်ဖားဖားလျားလျားတွေ ၊
မီးပုံးပျံ လက်ဖောင်းစတွေ. . .
ဖဲကြိုးပြား ရှည်ရှည်တွေ. . .
မိုးပြဲဦးထုပ် အကြီးကြီးတွေက
လူကိုပင် ဖုံးလုမတတ်ဖြစ်သည် ။ဖိနပ်ကအစ ကိုင်တွယ်သည့် အိတ်အဆုံး
ကြိမ်သားတွေနဲ့ ထိုးဆစ်ပြုလုပ်ထားသည် ။
အထူးဆန်းဆုံးက
မီးလုံးကြီးကြီး ခပ်ပုပု တိုက်ကားပုံစံ
Dodgem ကားတွေသာ အသုံးပြုကြဆဲ. . .တစ်ခေတ်ထခဲ့ဖူးသော
အတိတ်ရဲ့ပိတ်ကားပေါ်က
အဖြူအမည်း ခေတ်ကြီး
တစ်ဖန် အသက်ဝင်လာခဲ့သလို. . ." Arjushi. . ."
" ဟင် "
" ကျတော် ခဗျားကို
ဖမ်းဆုပ် မထားနိုင်တော့မယ့်အချိန်ကျရင်
ကျတော့်ကို မုန်းသွားမှာလား "အဓိပ္ပါယ်တစ်ခုနှင့် မေးလိုက်ခြင်း၏
ရောင်ပြန်သည် ထာဝရသို့ ထင်ဟပ်၏။
မပြောဖြစ် ၊ မလုပ်ဖြစ်ခဲ့ကြတဲ့
ဇာတ်ဝင်ခန်းတွေ စာရှည်တွေအဖြစ်
သိမ်းဆည်းထားတယ် ။
ခပ်သောသောရယ်သံတွေက ဖော်ပြတဲ့
ကြင်နာခြင်းများ သိပ်ဆွေးရဲ့. . .ပြောစရာမလိုတဲ့အထိ
နားလည်ကြတယ် ။
ရှင်းပြဖို့ မလိုအပ်တဲ့အထိတော့
မရင့်ကျက်နိုင်ကြသေးဘူး. . .
မဖော်ပြအပ်အောင် တွေဝေဖို့အတွက်
ကျတော်တို့တစ်တွေ
မနေတတ်ကြသေးဘူးလေ. . . ။

YOU ARE READING
HELLO_Darling ( Completed )
Romance( Zawgyi ) Hi Darling. . . အကယ်၍ နောက်တစ်ယောက်ကို ထပ်ချစ်မိသွားမယ်ဆိုရင်တောင်မှ မင်းကို ချစ်ခဲ့တုန်းကလို စိတ်မျိုးနဲ့ ဘယ်တော့မှ ထပ်ချစ်နိုင်တော့မှာမဟုတ်ဘူး နောက်တစ်ယောက်သာ ရှိလာရင် ရှိလာမယ် မင်းနေရာမှာတော့ ဘယ်အရာကိုမှ. . . ဘယ်လိုမှ အစားထို...