( Zawgyi )
-
-
-
-
တိတ်ဆိတ်သော ည၏
ဂုဏ်ပကာသနသည် အလုပ်လုပ်ဖို့အရေး
အထောက်အကူ ဖြစ်လာစေသည် ။
ပါဝါမျက်မှန်တစ်လက်၏ အကူအညီနဲ့
စာရွက် စာတမ်းထဲသို့
သွေးစွန်း စာလုံးလှလှတွေ နေရာယူကြ၏။အရာရာမူတည်နေတဲ့
လက်ချောင်းတွေကို ကြည့်မိသည် ။
ဘယ်ဘက် လက်သူကြွယ်က
လက်ထပ်လက်စွပ်ဟာ
အသိတရားကို ထိန်းပေးနိုင်သည့်
တစ်ခုတည်းသော သံယောဇဉ်ပင်. . .စွန့်လွှတ်ချင်တဲ့ စိတ်နဲ့
ရှေ့မဆက်ရဲတဲ့ ကြောက်စိတ်တွေသာ
ပေါင်းကူးသွားရင်. .. .
ခဗျားမောင်းထုတ်ဖို့မလိုဘဲနဲ့တောင်မှ . . .
အသက်တစ်ခုကိုရင်းပြီး
ဆွဲထားလာခဲ့မယ် ဆိုရင်လည်း. . . .
ကျတော် နေလို့ရတော့မှာမဟုတ်မှန်း
အလိုလျောက် နားလည်လာပါလိမ့်မယ် ။မြို့လယ်ခေါင်မှ နာရီသံသည်
ယနေ့အတွက်လည်း
မြို့တော်တစ်ခုလုံးဆီ
အချက်ပေးသွားခဲ့သည် ။
ဘာမှမဟုတ်ဘဲနဲ့ နေ့ရက်တစ်ရက်
ကုန်လွန်သွားပြန်သည်တဲ့. . . ။သန်းခေါင်ယံတွေကို
မမုန်းပါဘူး. . .
ကဗျာဆန်ဖို့ ကြိုးစားချင်ရင်
သန်းခေါင်ယံတွေဆိုတာ
အကောင်းဆုံး အချိန်မို့. . .
စိတ်လိုလက်ရ ခရီးတစ်ခုရောက်နိုင်တယ် ။တကယ်တော့
မှင်စိုစိုတစ်ခုဘဲ လိုတာပါ. . ။
ခဗျားနဲ့ ကျတော်
ဖောက်ပြန်ပစ်လိုက်ကြဖို့
ဘောပင်တစ်ချောင်းဘဲ လိုအပ်တာပါ ။စိတ်ကူးတွေနဲ့ ရူးချင်လိုက်တာ. . .
အလိုလိုက်ရင်း ကျတော့်ဘဝကို
ခဗျားလက်ထဲ ပုံပေးလိုက်ချင်တယ် ။
မသိလို့မှားကြတာက ဖြေသာနိုင်သေးပေမယ့်
သိသိရက်နဲ့မှားခဲ့ရင်တော့
ကျတော်တို့ လိပ်ပြာမလုံနိုင်ကြတော့ဘူး. . .ကျတော်ဘဲ ချစ်ပေးမယ် ။
ကျတော်တစ်ယောက်ဘဲ
စိတ်လိပ်ပြာ မလုံခြင်းကို ကြိတ်မှိတ်ခံစားမယ် ။
ဝါးမြိုကြမယ်ဆိုလည်း
ကျတော့်တစ်ယောက်သာ ဝါးမြိုပါစေ. . .
အပြစ်မဲ့တဲ့ ခဗျားကတော့
ထာဝရ တောက်ပနေဖို့ပါပဲ. . .

KAMU SEDANG MEMBACA
HELLO_Darling ( Completed )
Romansa( Zawgyi ) Hi Darling. . . အကယ်၍ နောက်တစ်ယောက်ကို ထပ်ချစ်မိသွားမယ်ဆိုရင်တောင်မှ မင်းကို ချစ်ခဲ့တုန်းကလို စိတ်မျိုးနဲ့ ဘယ်တော့မှ ထပ်ချစ်နိုင်တော့မှာမဟုတ်ဘူး နောက်တစ်ယောက်သာ ရှိလာရင် ရှိလာမယ် မင်းနေရာမှာတော့ ဘယ်အရာကိုမှ. . . ဘယ်လိုမှ အစားထို...