13

1K 128 11
                                    

( Zawgyi )

-

-

-

တစ်နေကုန် တစ်မှိုင်မှိုင် တစ်တွေတွေနှင့်
စိတ်ပျက်စရာ နေ့လည်ခင်းတွေကို
စဉ်းစားအချိန်ကုန်ခဲ့သည် ။
နှလုံးသားရင်း၍
ကြိုးစားထားရတဲ့ စာအုပ်ကလေးက
ပိုင်ရှင်ထံမှာ မရှိတော့ဘူး. . .

မိုးသောက်ကြယ်ကလေးတွေ
နေခြည် သောင်ပြင် ကပ်သလိုမျိုး
ပင်ပန်းမှုလေးဟာ
ဝေဝေဝါးဝါး တိမ်မြုပ်သွားတော့မည်ဟု
ခံစားလာရသည် ။

လမ်းပြတတ်တဲ့
ကြယ်တွေကိုယ်တိုင်တောင်
မျက်စိလည်နေရင်
လမ်းပျောက်နေတဲ့ သူလိုလူတစ်ယောက်က
ဘယ်တော့များမှ ရုန်းထွက်နိုင်မတဲ့လည်း ။

တွေးရလွန်းလို့
ခေါင်းတွေ ခြောက်နေခဲ့သည် ။
အေးစက်တဲ့နှင်းတွေက စောစောအိပ်ပျော်ဖို့
မကူညီနိုင်တော့၏။
တစ်နုံ့နုံ့နှင့် စိတ်ဒဏ်ရာရသူလို
တိတ်ဆိတ်ငြိမ်သက်လျှက်. . .

ရောဂါ ဆိုလည်း သူ ဖမ်းဆုပ်ထားတုန်းပဲ ။
အနာတရ ဖြစ်ခဲ့ရင်တောင် သူ မကုသဘူး. . .
လွတ်လမ်းရှိခဲ့ရင်တောင်
ပြေးမယ့်သူ့ခြေထောက်တွေကို
သူ  ပြန်ချိုးပစ်နိုင်တယ် ။

ဒဏ္ဍာရီပုံပြင်ထဲက
ခဗျားလေး သိပါရဲ့လား. . .
ကျတော်ဆိုတဲ့ လူက
အဲ့လောက်အထိ စိတ်ကူးနဲ့ ရူးတယ် ။

သိမ်မွေ့ခြင်းလေး မြင်နိုင်ပါရဲ့လား. . .
ကျတော် ထိုးတဲ့ စာပေ ချည်ကြိုးစတွေ
ပိုးထည်တွေထက် ပိုနူးညံ့တယ် ။
ကိုယ် ကိုယ်တိုင် အနာကျင်ခံလို့
ရစ်ပတ်ခဲ့တဲ့ ရက်ကန်းစက်နဲ့
ခဗျားဟာ သိုးမွှေးလုံးလေးအဖြစ်သို့
အသွင်ပြောင်းစေ. . . ။

" Kim Tae Tae. . . "

စိတ်ကူးပေါက်ရာသည်
အဲ့နာမည်ကလေးဆီတဲ့. . .။  သူ သိတယ် ။
Kim Tae Tae ဆိုတာ
လှေပေါ်မှာ တိုက်မိခဲ့တဲ့ကောင်လေးမှန်း
သူ အတပ်သိတယ် ။

မှားနိုင်စရာမရှိတဲ့ သြရှရှအသံက
သက်သေလုပ်ပေးခဲ့တာ. . .

သူ တကယ် သိတယ် ။

" မင်းကို ဘယ်မှာရှာရမှာလည်းကွာ "

ချွေးစေးတို့တော့ မထွက်ပေမယ့်
မမြင်ရသည့် အပူငွေ့တွေတော့
ခေါင်းနားမှာ ပတ်ချာလည်လို့. . .
မျက်နှာတောင် မမြင်ဖူး . . .
မခင်မမင် ၊ ဘယ်အရပ်ကမှန်းမသိ
ဟင်းလင်းပြင်လို သက်ရှိကို ရှာရခြင်းက
ကောက်ရိုးပုံထဲ အပ်ကျသလိုဘဲ. . .

HELLO_Darling ( Completed ) Donde viven las historias. Descúbrelo ahora